ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာစေရေး စီမံချက် (CERP) အရ Cash for Work စီမံကိန်း ကျေးရွာ ပေါင်း (၁၁) ရွာတွင် ဆောင်ရွက်

ကျောက်တံခါး စက်တင်ဘာ ၁၁

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာစေရေး စီမံချက်(CERP)အရ (Cash For Work) စီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာ(၁၁)ရွာ ဖြစ်သည့် ဂုံမင်းကွင်း ကျေးရွာ၊ လည်းဘီးကွဲ ကျေးရွာ၊ သပြေကုန်း ကျေးရွာ၊ ထီးလပ် မြောက်ကျေးရွာ၊ ရွာသစ် ကျေးရွာ၊ ကြို့ကုန်း ကျေးရွာ၊ ကျောက်ခဲအင်း ကျေးရွာ၊ ဇလုပ်ကြီး ကျေးရွာ၊ ရေအေး ကျေးရွာ၊ မြို့ချောင်း ကျေးရွာ၊ ကြိုင်းအုံ ကျေးရွာတို့တွင် လမ်းဘေး ရေနုတ်မြောင်းများ တူးဖော် ခြင်း၊ လမ်းများအား မြေသားဖို့ခြင်း၊ ကွန်ကရစ် ခင်းခြင်း၊ ကျောက်ရောမြေ ခင်းခြင်း၊ ဂဝံခင်းခြင်း လုပ်ငန်း၊ မြေထိန်းနံရံ တည်ဆောက်ခြင်း၊ ရေပြွန်တည် ဆောက်ခြင်း၊ ခြံစည်းရိုး ခတ်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နံနက်ပိုင်းက လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို မြို့နယ် ကျေးလက်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်နှင့် ဝန်ထမ်းများက ကွင်းဆင်း ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။

အဆိုပါ (Cash for Work) စီမံကိန်းသည် ကိုဗစ်ကာလ အတွင်း နိုင်ငံတော်မှ အရေးပေါ်တုံ့ပြန်မှု အစီ အစဉ်တစ်ခု ဖြစ်ပြီး ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် အထောက်အကူ ပြုခြင်း၊ ပြည်သူများ ချက်ချင်း ဝင်ငွေရရှိခြင်း၊ ကျေးရွာ ဖွံ့ဖြိုးရေး အတွက် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှု ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လယ်ယာ သားငါးကဏ္ဍ ဖွံ့ဖြိုးမှုကို အထောက် အကူပြုသည့် စီမံကိန်း ဖြစ်ကြောင်း သိရသည်။

စန်းစန်း(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/10296