COVID – 19 Economic Relief Plan အစီအစဉ်ဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် Cask for Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ Covid-19 Economic Relief Plan အစီအစဉ်ဖြင့် ကျေးရွာ တစ်ရွာလျှင် ရန်ပုံငွေ ကျပ် သိန်း ၁၀၀ ဖြင့် ဆောင်ရွက်သော Cash for Work စီမံကိန်း လုပ်ငန်း ပြီးစီးမှု အခြေအနေများကို ပုလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးနဲ့ အင်ဂျင်နီယာ ဝန်ထမ်းများက စက်တင်ဘာလ တစ်ရက်နေ့မှာ ကြဲ ကျေးရွာ အုပ်စု ကပတောင်ကြီး ကျေးရွာ မှာ Box Culvert ၊ ဘောလုံးကွင်း ပြုပြင်ခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများကို ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

အလားတူ မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့နယ်မှာ ဆောင်ရွက်လျက်ရှိတဲ့ တောင်ဘို့ကြီး ကျေးရွာမှာ အုတ်စီရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်း၊ ကျေးရွာပိုင် ဘောလုံးကွင်း မြေညှိပြီး၊ သဲခင်းခြင်းနဲ့ မြေနီခင်းခြင်း လုပ်ငန်းများရဲ့ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို စက်တင်ဘာလ ၂ ရက်နေ့က သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့် ရှု့ စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့မှာလည်း ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့နယ်မှာ Cask for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိတဲ့ ထင်းပုံကွင်း ကျေးရွာအုပ်စု ရှမ်းချောင်းကျေးရွာ ရွာအဝင်လမ်း ကွန်ကရစ် ဘီးလမ်း ခင်းခြင်းနဲ့ သနပ်ဖက်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ ကျောက်ချောလမ်းခင်းခြင်း၊ မြေသားလမ်း မြှင့်တင်ခြင်း လုပ်ငန်းများကို လပွတ္တာခရိုင် ကျေးလက်ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဆောင်သော အဖွဲ့မှ ကွင်းဆင်း စစ်ဆေး ခဲ့ကြပါတယ်။

သတင်း - တိုင်းဒေသကြီးနှင့် ပြည်နယ် (ပြန်/ဆက်)

မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား

https://www.mrtv.gov.mm/mm/news-87297