တိုက်ကြီးမြို့နယ်တွင် Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရန်ကုန်တိုင်း ဒေသကြီး ဦးစီးမှူးနှင့် အဖွဲ့ ကွင်းဆင်းစစ်ဆေး

တိုက်ကြီး၊ စက်တင်ဘာ ၆

ရန်ကုန်တိုင်း ဒေသကြီး (မြောက်ပိုင်း) ခရိုင်၊ တိုက်ကြီး မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ Cash for Work စီမံကိန်းဖြင့် မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား ယမန် နေ့နံနက်က ရန်ကုန်တိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးနှင့် အဖွဲ့တို့က ကွင်းဆင်း စစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်း သည် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မျိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာ စီမံကိန်း ကော်မတီဝင်များ နှင့်အတူ တိုက်ကြီးမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင် အထည် ဖော် ဆောင်ရွက်ခဲ့သော သနပ်ချောင်း ကျေးရွာအုပ်စု၊ သနပ်ချောင်း ဘူတာ ကျေးရွာတွင် အုတ်ခဲ ကျိုးခင်း ခြင်း၊ သဲကြပ်ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း၊ အလဘုတ် ကျေးရွာအုပ်စု ဓမ္မိတ်ကျေးရွာတွင် ဂဝံလမ်းခင်း ခြင်း လုပ်ငန်းနှင့် ခုနှစ်ကျိုက်(အနောက်)ကျေးရွာအုပ်စု ညောင်ချောင်း ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/9165