ကျောက်တန်းမြို့နယ်တွင် Cash for work စီမံကိန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ကျောက်တန်း ဩဂုတ် ၂၉

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ကျောက်တန်းမြို့နယ်ရုံးမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP)အစီအစဉ်အရ Cash For Work(CFW) စီမံကိန်းဖြင့်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင် ၊ တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဝဲကြီးကျေးရွာအုပ်စု ညောင်ဝိုင်းလေးကျေးရွာ သောက်သုံးရေ ကန် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းနှင့် ကျေးရွာတွင်း ရေမြောင်းများ တူးဖော်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် မှော်ဝန်းချောင်းနံဘေး ဗျူးပင်စိုက်ပျိုးခြင်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးပြီး ကျောက်တန်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က(CFW) လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး တာဝန်ရှိသူများသည် ကျေးရွာကော်မတီဝင်များနှင့် တွေဆုံ ၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွါးရေးထိခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်သည့် အနေဖြင့် ဝင်ငွေနည်းပါးသော ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း ဖြစ်ပါကြောင်း ၊ပြည်သူများ အနေဖြင့် လည်း ပုံမှန်ဝင်ငွေရရှိပြီးစီးပွွါးရေးအခက်အခဲများကို အထိုက် အလျောက် ဖြေရှင်းနိုင်ပါကြောင်း၊ ကျေးရွာ၏ လမ်းနဲ့ အခြေခံ အဆောက်အဦများ ဖွံ့ဖြိုး တိုးတက်စေပါကြောင်း စတဲ့ရည်ရွယ်ချက် များနှင့် (CFW) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူ/ ကျေးရွာသားများအနေနဲ့ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းဆွေးနွေးပြောကြားသည်။

ကျောက်တန်းမြို့နယ်ရှိ ကျေးရွာ(၅) ရွာတွင် (CFW) စီမံကိန်းလုပ်များ ဆောင်ရွက်လျှက်ရှိရာ ကျေးရွာများ အားလုံးတွင် (၁၀၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က ပြောကြားသည်။

ခင်ဆွေဝင်း (ကျောက်တန်း)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://web.facebook.com/MOIWebportalMyanmar/photos/pcb.3094102710717574/3094096890718156/