ပေါက်မြို့နယ် ထန်းတောကျေးရွာ၌ ကျေးလက်အင်ဂျင် မီးလင်းရေး အောင်ပွဲအတွက် လူထုစစ်ဆေးပွဲ ကျင်းပ

ပေါက်   သြဂုတ်   ၃၀

စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထ)နှစ်စက်ဝန်းထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာလူထုထည့်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီး စီးအောင်မြင်ခဲ့သော ကျေးလက်အင်ဂျင်မီးလင်းရေး အောင်ပွဲလူထုစစ်ဆေးပွဲကို ပေါက်မြို့နယ် ကျောသာကျေးရွာ၌ ယမန် နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌   ကျင်းပသည်။

ရှေးဦးစွာလူထုဗဟိုပြုစီမံကိန်း၊ နည်းပညာအကြံပေးကျားမ ရေးရာတာဝန်ခံ ဦးမျိုးဝင်းထွန်းနှင့် တာဝန်ရှိသူတို့က လူထုစစ် ဆေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်း ပြောကြားခဲ့ကြသည်။

လူထုစစ်ဆေးပွဲ ဆောင်ရွက်ရာတွင် လူထု၏လုပ်ပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်မှုကို မြှင့်တင်ပေးရန်၊ ပွင့်လင်းမြင်သာမှု၊ ထိရောက်မှုနှင့် သက်ရောက်မှုတို့ကို တိုးမြှင့်ပေးရန်၊ ကျေးရွာစီမံခန့်ခွဲမှု အဖွဲ့များအနေနှင့် ကျေးရွာလူထုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု သေချာစေရန်နှင့် ကျေးရွာ လူထုများမှ မိမိတို့၏ထင်မြင်ယူဆချက်များကို ပိုမိုထုတ်ဖော် ပြောဆိုတတ်လာပြီး ဝေဖန်အကြံပြုချက်များကို လိုအပ်လျှင်ဖြေရှင်းရန် ရည်ရွယ်ချက်များဖြင့် ကျင်းပြု လုပ်ရခြင်းဖြစ်သည်။

လူထုဗဟိုပြုစီမံကိန်း (စတုတ္ထ)နှစ်စက်ဝန်းတွင် ထန်းတောကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ရန်ပုံငွေ (၁၅၉) သိန်းနှင့် ကျေးရွာလူထု ထည့်ဝင်ငွေကျပ်သိန်းတစ်ရာကျော်ဖြင့်  ကျေးလက်အင်ဂျင် မီးလင်းရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ပြီးဖြစ်၍ ကျေးရွာရှိ အိမ်ခြေ (၁၃၀)ကျော်၊ ကျေးရွာလူထု (၇၀၀) ကျော်ဦးတို့ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 ဉာဏ်တိုး(ပြန်/ဆက်)