ပေါက် သြဂုတ် ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနှင့် ကျေးလက် နေပြည်သူများ၏ ထည့်ဝင် ငွေများဖြင့် ပေါက်မြို့နယ် ချောင်းနားကျေးရွာအုပ်စု၊ ချောင်းနား ရွာမ ကျေးရွာ စာသင် ကျောင်းဆောင် ပြုပြင်တည်ဆောက်လုပ်ခြင်း၊ ကျေးရွာတွင်း မြေနီလမ်း ခင်းခြင်းနှင့် ကျေးလက် အင်ဂျင်မီးလင်းရေး လုပ်ငန်းပြီးစီးအောင်မြင်မှုဖွင့်ပွဲနှင့် လူထု စစ်တမ်း ကောက်ယူခြင်းကို စာသင် ကျောင်းရှေ့၌ သြဂုတ် ၂၅ ရက် နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ လူထုဗဟိုပြုစီမံကိန်း၊ တိုင်းအကြံပေး ဦးမောင်ပိုက အဖွင့်အမှာစကား ပြော ကြားပြီး၊ လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး၊ ကျားမရေးရာတာဝန်ခံ ဦးမျိုးဝင်းထွန်းက စီမံကိန်း ပြီးစီးပြီး နောက်ပိုင်း ဆက်လက် ဆောင်ရွက်ရမည့် အစီအစဉ်များ ဆွေးနွေးပြောကြားသည်။
ထို့နောက် လူထုစည်းရုံးရေးမှူး ဒေါ်သဇင်ဦးက လူထုစစ်ဆေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်၊ လက်ထောက် နည်းပညာမှူး ဒေါ်ခိုင်သီတာဆွေက မဲပေးရမည့်ပုံစံများ အား အသေးစိပ်ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဆောင်ရွက်ပြီးစီးသွားသည့်စီမံကိန်း လုပ်ငန်းခွဲများ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် ငွေကြေး သုံးစွဲမှုကို စီမံကိန်း လုပ်ငန်းစဉ် တစ်ခု ဖြစ်သည့် လူထု စစ်ဆေးပွဲပြုလုပ်သည်။
အဆိုပါ ကျေးရွာကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း လုပ်ငန်းမှာ အလျားပေ ၉၀၊ အနံပေ၃၀၊ အမြင့်၁၂ ပေဖြစ်ပြီး စီမံကိန်း ထောက်ပံ့ငွေကျပ်(၃၃၈၀၀၀၀)၊ ကျေးရွာ ထည့်ဝင်ငွေကျပ် (၅၀၀၀၀၀)၊ ကျေးလက်အင်ဂျင် မီးလင်းရေး လုပ်ငန်းမှာ၊ မီးတိုင် ၂၆ တိုင်၊ မီးကြိုး ၂၉၃၁ ပေ၊ စီမံကိန်းထောက်ပံ့ငွေကျပ်(၉၁၅၀၀၀၀)၊ ကျေးရွာတွင်းလမ်း မြေနီခင်းခြင်းမှာ အလျားပေ ၁၇၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက္မဖြစ်ပြီး စီမံကိန်း ထောက်ပံ့ငွေကျပ် (၄၈၇၀၀၀၀) ကျေးရွာလူထု ထည့်ဝင်ငွေကျပ် (၁၁၆၁၀၀၀) ဖြင့်လုပ်ငန်းခွဲများမှာ ဩဂုတ်(၁၈) ရက်နေ့က ပြီးစီးခဲ့ကြောင်း၊ အဆိုပါ စာသင်ကျောင်း ဆောင်ပြုပြင်ခြင်း လုပ်ငန်းတွေ၊ ရွာတွင်းလမ်း မြေနီခင်း ခြင်းလုပ်ငန်းနှင့် ကျေးလက် အင်ဂျင်မီးလင်းရေး လုပ်ငန်းများနှင့် ပတ်သက်သည့် လူထု စစ်ဆေးပွဲ ရလဒ်များကို ကျေးရွာ လူထု သိရှိစေရန်ကြော်ငြာ သင်ပုန်းတွင် ပွင့်လင်း မြင်သာစွာ ကြေညာပေး ခဲ့ကြောင်း လက်ထောက်နည်းပညာမှူး ဒေါ်ခိုင်သီတာဆွေ၏ ပြောကြား ချက်အရ သိရသည်။။
ဉာဏ်တိုး(ပြန်/ဆက်)
#NCDDP, #DRD, #MOALI, #WorldBank
Credit- Ministry of Information