တွန်းဇံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲတွေကို ကွင်းဆင်း ညှိနှိုင်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ကန်စောက် ကျေးရွာ အုပ်စု ကန်စောက်ကျေးရွာမှာ စီမံကိန်း လုပ်ငန်းစဉ်တွေကို စီမံကိန်း လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်ဖို့ အတွက် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ဝင် ပြည်နယ် အခြေခံ အဆောက်အဦးပိုင်းဆိုင်ရာ လက်ထောက်နည်းပညာ အကြံပေး တာဝန်ကျ လက်ထောက် နည်းပညာမှူးနဲ့ လူထု စည်းရုံးရေးမှူးတွေ ပါဝင်တဲ့ တာဝန် ရှိသူများ အဖွဲ့က ကျေးရွာ ကော်မတီဝင်တွေနဲ့အတူ ကွင်းဆင်း ညှိနှိုင်း ဆွေးနွေးဆောင်ရွက်မှုတွေကို ဇွန်လ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ စီမံကိန်း တာဝန်ရှိသူများ အဖွဲ့ဟာ လူထု ဗဟိုပြု စီမံကိန်း ပံ့ပိုးငွေကျပ် ၁၄ သန်းနဲ့‌ ဆောင်ရွက်မှာ ဖြစ်တဲ့ အရှည် ပေ ၅၀၀ ၊ အကျယ် ၈ ပေ၊ အမြင့် ၆ လက်မ ရှိတဲ့ ကျေးရွာတွင်း ကွန်ကရစ် လမ်းနဲ့ အကျယ် ၁၂ ပေ ရေထုတ်ပြွန် ၄ ခု တည် ဆောက်ခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်မယ့် မြေနေရာနဲ့ လုပ်ငန်း လိုအပ်ချက် ပစ္စည်းတွေကို အရေ အသွေး ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး၊ လိုအပ်တာတွေကို လမ်းညွှန်မှု ပေးခဲ့ပါတယ်။

ဆက်လက်ပြီး စီမံကိန်း လုပ်ငန်းခွဲ ဒီဇိုင်းနဲ့ ပတ်သတ်ပြီး၊ မရှင်းလင်းတဲ့ မေးခွန်းတွေကို ဖြေကြားပေးခြင်း၊ အကောင်အထည် ဖော်ရေး လုပ်ငန်းစဉ်တွေကို အသေးစိတ် ရှင်းလင်းပေးခြင်းနဲ့ လက်ရှိ စီမံကိန်း လုပ်ငန်းခွဲ ဆောင်ရွက်နေမှု အခြေအနေနဲ့ ဆက်လက် ဆောင်ရွက်သွားမယ့် စီမံကိန်း လုပ်ငန်း စဉ်တွေ အကြောင်းကို ညှိနှိုင်း တိုင်ပင် ဆွေးနွေးခဲ့ကြပါတယ်။

သတင်း - ဦးဇော်ဝင်း

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank