ဖျာပုံခရိုင်အတွင်း Cash for Work စီမံချက်ဖြင့် ဆည်မြောင်း လုပ်ငန်းများ ဆောင်ရွက်

ဖျာပုံ သြဂုတ် ၁၄

 

ကိုဗစ် - ၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှုအပေါ် ပြန်လည်ကုစားရန်အတွက် (COVID-19 Economic Relief Plan – CERP) အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ Cash For Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေဖြင့် ‌ ဖျာပုံ​မြို့နယ်အတွင်းရှိ ကျွန်းပတ်တာ (၇) ခု နှင့် ဒေးဒရဲမြို့နယ် အတွင်းရှိ ပင်လယ်ရေကာတာ(၃)ခုအား တာတမံတောင့်တင်း ခိုင်မာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Cash For Work စီမံကိန်းထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် ကျွန်းပတ်တာများ​တောင့်တင်း ခိုင်မာရေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ဖျာပုံခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက ကျွန်တော်တို့ ဒီလုပ်ငန်းတွေကို CFW ထောက်ပံ့ငွေနဲ့ သြဂုတ်လ ၁၁ ရက်နေ့ထဲက စတင်ဆောင်ရွက်တာဖြစ်ပါတယ်။ ဖျာပုံမြို့နယ်အတွင်းမှာရှိတဲ့ ဘန့်ဘွေးစုကျွန်းပတ်တာ၊ ဇင်းဘောင် ကျွန်းပတ်တာ၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ၊ လက်ပန်ကျွန်းပတ်တာ၊ မြို့ကုန်းကျွန်းပတ်တာ၊ ဒေါ်ညိမ်းကျွန်းပတ်တာ၊ ဒေးဒလူကျွန်းပတ်တာနဲ့ ဒေးဒရဲမြို့နယ် အတွင်းမှာရှိတဲ့ ပင်လယ်ရေကာတာ(၃)ခုမှာ တာဘောင်ခြုံမြက်များရှင်းခြင်း၊ ခြအုံခြတွင်း ရှင်းလင်းခြင်း၊ တာနိမ့်နေရာများ မြေဖို့ခြင်းစတဲ့ တာတမံတောင့်တင်း ခိုင်မာရေးလုပ်ငန်းတွေကို ဒေသခံများရဲ့ လုပ်အားနဲ့ အဓိကပါဝင် လုပ်ဆောင်တာဖြစ်ပါတယ်။ ဒါမှသာ ဒေသခံများအတွက် အလုပ်အကိုင်နဲ့ ဝင်ငွေရရှိပြီး စီမံကိန်းရည်ရွယ်ချက် ရောက်ရှိမှာဖြစ်သလို တစ်ဖက်ကလည်း နိုင်ငံတော်အစိုးရက ညွှန်ကြားထားတဲ့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လုပ်ငန်းများလည်း ပြီးစီးအောင်မြင်မှာဖြစ်ပါတယ်။" ဟု ပြောကြားခဲ့ကြောင်းသိရသည်။

 

အယ်မူးဂေး(ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/4328