တွန်းဇံမြို့နယ်မှာ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ်မှာ Cash for Work စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိတဲ့ ဖိုင်တူ ကျေးရွာ အုပ်စု၊ ဖိုင်တူ ကျေးရွာကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒု- ဦးစီးမှူး ဦးထောင်ဆွင်းမုန်၊ ဦးဆောင်ခန့်ခိုင် (ငယ်ယာ-၂) နဲ့ ဦးဇော်ဝင်း (CSAGS) တို့ ပါဝင်တဲ့ တာဝန်ရှိသူတွေ အဖွဲ့က ဇူလိုင်လ ၂၃ ရက်နေ့မှာ ကွင်းဆင်း စစ်ဆေး ညှိနှိုင်း ဆောင်ရွက်တယ်လို့ သိရပါတယ်။

အဲဒီ တာဝန်ရှိသူတွေ အဖွဲ့ဟာ Cash for Work စီမံကိန်း ရန်ပုံငွေ ၁၀ သန်းနဲ့ အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိတဲ့ မြေသားလမ်းနဲ့ ရေမြောင်း တူးဖော်ခြင်း စီမံကိန်း လုပ်ငန်းတွေကို စစ်ဆေးခြင်းတွေ ပြုလုပ်ကြပါတယ်။

ဆက်လက်ပြီးတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒု-ဦးစီးမှူး ဦးထောင်ဆွင်းမုန်က စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာ ဆောင်ရွက်ပြီး၊ ပွင့်လင်း မြင်သာမှု ရှိပြီး၊ တာဝန်ယူမှု တာဝန်ခံမှု ရှိစွာနဲ့ စီမံကိန်း အောင်မြင်မှုတွေ ရရှိအောင် ကြိုးစား ဆောင်ရွက်သွားဖို့ လမ်းညွှန် မှာကြားတယ်လို့ သိရပါတယ်။

သတင်း - ဦးဇော်ဝင်း (CSAGS)

#CERP, #CFW, #DRD, #MOALI