ကျောက်ကြီးမြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများအတွက် လူထု စစ်ဆေးပွဲများ ပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် သောင်လယ် ကျေးရွာအုပ်စု ဒိုးတန်းကျေးရွာနဲ့ ညောင်ပင်သာ ကျေးရွာ အုပ်စု ကြက်တက်ညောင်ပင် ကျေးရွာတို့မှာ စတုတ္ထနှစ်စက်ဝန်း လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရံပုံငွေနဲ့ ကျေးရွာလူထု ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်တဲ့ ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းနဲ့ စာသင်ကျောင်း အိမ်သာတည်ဆောက်ခြင်း လုပ်ငန်းတွေ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

 

ဒါကြောင့် ကျေးရွာ လူထုအများ စီမံကိန်း ဆိုင်ရာ အချက်အလက်တွေကို သိရှိနိုင်ဖို့ ကျေးရွာ ကြော်ငြာ သင်ပုန်းမှာ ကပ်ပြီး ကြော်ငြာတာ လော်စပီကာနဲ့ ကြော်ငြာပေးတာတွေ ပြုလုပ်ပြီး၊ စီမံကိန်းလုပ်ငန်းစဉ်နဲ့ ရလဒ်အပေါ် ကျေးရွာလူထုရဲ့ စိတ်ကျေနပ်မှုကို သိရှိနိုင်ဖို့ အိမ်တိုင်ရာရောက် စာရွက်စာတမ်းတွေ ဖြန့်ဝေပြီးတော့ စိတ်ကျေနပ်မှု အဆင့် ကောက်ယူတာတွေကို ကျေးရွာ တာဝန်ကျ စီမံကိန်းဝန်ထမ်းတွေက ဦးဆောင်ပြီး၊ ကျေးရွာကော်မတီဝင်များနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။

 

သတင်း - ဝင်းညီညီလတ် (CSAG)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank