မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွဲများကို ပြည်နယ်တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှု့

ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယ နှစ်စက်ဝန်း) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အား ပြည်နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးညွန့်ဝင်း၊ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇော်၊ လူထုဗဟိုပြုစီမံကိန်းမှ စီမံကိန်းတာဝန်ခံ ဦးဝင်းမြတ်သူ၊ နည်းပညာအကြံပေးအဖွဲ့ဝင် ဦးမိုင်းဉာဏ်လင်းနှင့် စီမံကိန်းမှတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက် ၉ နာရီခန့်၌ ကွင်းဆင်းစစ်ဆေး ကြည့်ရူ့ခဲ့ပါသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးကြည့်ရူ့ရာတွင် ဟိုနမ့်အုပ်စုအတွင်း ပုန်းအောင်ကျေးရွာမှ ဆောင်ရွက်ပြီးစီးသော ခန်းမဆောင်နှင့် ကျေးလက် ကုန်ထုတ်လမ်း လုပ်ငန်း၊ အောင်သုခကျေးရွာမှ ခန်းမဆောင်လုပ်ငန်း၊ ပူးထိုကျေးရွာမှ ကျောက်ချောလမ်းလုပ်ငန်း၊ လွိုင်ခွင်ရွာဟောင်းကျေးရွာမှ ခန်းမဆောင်လုပ်ငန်း၊ ပန်းတန်အုပ်စု လွယ်ဆမ်စစ်ကျေးရွာမှ ရေလှောင်ကန်လုပ်ငန်းနှင့် ဟိုလွိုင်အုပ်စု မောင်းလောင်းနှင့် ကျောင်းခမ်းကျေးရွာမှ ရေလှောင်ကန်လုပ်ငန်းများကို ကြည့်ရူ့စစ်ဆေးခဲ့ပါသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးကြည့်ရူ့ရာမှ တွေ့ရှိသောလိုအပ် ချက်များအား စီမံကိန်းလုပ်ထုံးလုပ်နည်း များနှင့်အတူ ဆက်လက် ဆောင်ရွက်သွားရန်နှင့် ပြီးစီးရန်ကျန်ရှိနေသော လုပ်ငန်းများအား အပြီးသတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပေးခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးပီးနောက် ရုံးဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများလိုအပ်ချက်နှင့်အခက်အခဲများကို မေး​​ မြန်းခဲ့ပီး တွေ့ရှိချက်များကို လမ်းညွန်မှာကြားအကြံပြုပေးခဲ့ပါသည်။

တင်အောင်မိုးမြင့်

Credit: SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank