လူထု ဗဟိုပြု စီမံကိန်း ထီးလင်းမြို့နယ် ဝက်သက်ကျေးရွာတွင် လူထု စစ်ဆေးပွဲ ပြုလုပ်

မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်းက ဝက်သက် ရွာမ ကျေးရွာ အုပ်စု ရှိ ဝက်သက် (တောင်) ကျေးရွာ ဘက်စုံသုံး ခန်းမဆောင်မှာ ဇူလိုင်လ ၂၀ ရက်နေ့က လူထု စစ်ဆေးပွဲ အခမ်းအနား ကျင်းပတယ်လို့ သိရပါတယ်။

 

အဲဒီ အခမ်းအနားမှာ လူထု ဗဟိုပြု စီမံကိန်း မြို့နယ် နည်းပညာ အကြံပေး အဖွဲ့က သတင်း ပြန်ကြား ဆက်သွယ်ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှု နဲ့ ကျား-မ ရေးရာ တာဝန်ခံ ဦးကျော်ဇေယျက လူထု စစ်ဆေးပွဲ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက် ကျေးရွာသူ ကျေးရွာသားတွေ အနေနဲ့ မိမိနေအိမ်က ဆန္ဒမဲ ပေးမယ့် အစီအစဉ်နဲ့ ကျေးရွာ ကိုယ်စားလှယ်တွေရဲ့ ရှေ့မှောက်မှာ ဆန္ဒမဲတွေကို ပွင့်လင်း မြင်သာစွာ မဲရေတွက်မယ့် နည်းစံနစ်တွေကို ကျေးရွာ လူထုကို ရှင်းလင်း ပြောကြားပြီး၊ အဲ ရှင်းလင်း ပြောကြားမှုတွေကို တောင်သား အမျိုးသမီး စီမံကိန်း အထောက်အကူပြု ဥက္ကဌ ဒေါ်ဇင်မာဝင်းက တောင်သား ဒေသခံ ဘာသာ စကားနဲ့ ရှင်းလင်းပြောကြားတယ်လို့ သိရပါတယ်။

 

လုပ်ငန်းသုံး ကုန်ကျငွေနဲ့ အသေးသုံး ကုန်ကျငွေကို စာရင်းကိုင် ဦးအောင်ဆွေက တောင်သား ဘာသာ စကားနဲ့ ကျေးရွာ လူထု ကို ရှင်းလင်းပါတယ်။

 

အဲနောက်မှာ ရွာတွင်းလမ်း ပြုပြင်ခြင်း ရဲ့ ရလာဒ်ကို ဆန္ဒမဲပေး ဆုံးဖြတ်ရာမှာ လူဦးရေ ၅၃ မှ အလွန်ကျေနပ်မဲ ၅၀၊ ကျေနပ်မဲ ၃ မဲနဲ့ မကျေနပ်မဲ မရှိကြောင်း သိရပြီး မွန်းလွဲ ၁ နာရီမှာ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးကြောင်း သိရပါတယ်။

 

သတင်း - ကျော်ဇေယျ (CSAG)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank