ပြည်ထောင်စုနေ့ ဂုဏ်ပြု သတင်း ပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်းဓါတ်ပုံပြခန်း ဆောမြို့နယ်တွင် ပြသ

၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း သတင်း ပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်းဓါတ်ပုံပြခန်းကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကံချောင်းကျေးရွာမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆောမြို့နယ် လူထု ဗဟိုပြု စီမံကိန်း စီမံကိန်း တာဝန်ခံနှင့် နည်းပညာ အကြံပေးအဖွဲ့များ၊ CFDF များနဲ့ ကျေးရွာ ပေါင်း ၁၅ ရွာမှ ကော်မတီဝင်များ စုစုပေါင်း ၁၀၅ ဦး တက်ရောက်ခဲ့ပါတယ်။

အခမ်းအနား စတင်ချိန်မှာ ဆောမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးမှ အဖွင့် အမှာ စကားပြောကြားပြီး၊ အခမ်းအနား အစီအစဉ်များအတိုင်း ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် စီမံကိန်းနဲ့ ပတ်သတ်တဲ့မေးခွန်းများကို အမေးအဖြေ ပြုလုပ်ခဲ့ကာ စီမံကိန်းမှ လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ် ခဲ့ပါတယ်။

ဆက်လက်ပြီး ပြောင်းလဲခဲ့တဲ့ မှတ်တိုင်များ ခေါင်းစဉ်ဖြင့် အောင်မြင်မှု ဇတ်လမ်း ရေးသားခဲ့ကြတဲ့ ဆုရ ကော်မတီဝင်များအား ဆုများပေးအပ် ချီးမြှင့် ခဲ့ပါတယ်။ အဲဒီနောက် အခမ်းအနား တက်ရောက်လာသူများက စီမံကိန်းမှ ဆောင်ရွက်နေတဲ့ စီမံကိန်း လုပ်ငန်း အချက်အလက်များ၊ ပို့စတာများနဲ့ မှတ်တမ်းဓါတ်ပုံများကို လှည့်လှည် ကြည့်ရှုကြကာ ပြခန်းကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank