ရွှေကူမြို့နယ်တွင် Cash for Work စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ ၁၀ ရွာတွင် စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းပို့ချ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဆောင်ရွက်မည့် “ဝင်ငွေ ရရှိရေး အလုပ်အကိုင် ဖန်တီးပေး” Cash For Work စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းများကို စီမံကိန်း လုပ်ကိုင်ရန် ရွေးချယ်ထားသော ကျေးရွာ ၁၀ ရွာတွင် ကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ရွေးချယ်ခြင်းများ ပြုလုပ်ပြီးနောက် စီမံခန့်ခွဲမှု နှင့် ငွေစာရင်း သင်တန်းများကို ပို့ချပေးလျက် ရှိသည်။

အဆိုပါ သင်တန်းများ တွင် နိုင်ငံတော်က ချမှတ်ထားသော COVID-19 ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်း ခံရသော ကျေးလက်ဒေသ များရှိ ပြည်သူများအား ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက် ပြည်သူများ ဝင်ငွေ ရရှိစေရန် နှင့် ကျေးရွာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Cash For Work စီမံကိန်း ဆောင်ရွက်မည့် အကြောင်းအရာများနှင့် စီမံကိန်းစက်ဝန်း၏ အဓိက လုပ်ငန်းများ၊ ကော်မတီဝင်များ၏ လုပ်ငန်းတာဝန်များ၊ စီမံကိန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ဝယ်ယူရေးလုပ်ထုံးလုပ်နည်းများ၊ ငွေကြေး စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ၊ စောင့်ကြည့် ကြီးကြပ်ရေးနှင့် လုပ်ငန်း လည်ပတ်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို သင်ကြားပို့ချပေးလျက် ရှိသည်။

အဆိုပါ သင်တန်းများကို ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်နှင့် ဦးစီးကာ သင်တန်းပို့ချပေးလျက် ရှိပြီး၊ ဇူလိုင် လ ၁၆ ရက် နံနက် ပိုင်းက ပန်းတင်ကျေးရွာအုပ်စု မြိုင်သာကျေးရွာ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံတွင် သင်ကြားပို့ချပေးသည့် သင်တန်းသို့ Cash For Work စီမံကိန်းကျေးရွာ (၆) ရွာမှ ကော်မတီဝင် (၄၂)ဦး တက်ရာက်ခဲ့ပါသည်။

သတင်း - မီမီလင်းထွန်း (ကျေးလက်)

#CFW

#CERP

#DRD

#MOALI