![](https://cdd.drdmyanmar.org/sites/default/files/styles/news_on_media/public/uploads/news-image/capturee_14.png?itok=aTnQhC-T)
Wednesday, July 15, 2020
နိုင်ငံတော်ရဲ့ Covid-19 Economic Relief Plan အရ ကျေးရွာ ကုန်ထုတ်လုပ်ငန်းနဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းတွေကို ဖော်ထုတ်ပြီး၊ ၎င်းတို့ ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ ချက်ချင်း ဝင်ငွေ ရရှိစေဖို့အတွက် Cash for Work စီမံကိန်း ဆောင်ရွက်မည့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာမှ ကော်မတီဝင်များနဲ့ ကျေးရွာ တာဝန်ခံ ဝန်ထမ်းများအား ကျေးရွာ အဆင့် စီမံခန့်ခွဲမှု သင်တန်းများ ပို့ချ ခြင်း၊ ကျေးရွာများအထိ ကွင်းဆင်း ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက် ရှိတဲ့ သတင်းကို အခုလို online က အခုလိုပဲ သတင်း ရယူပေးထားပါတယ်။
ဟင်္သာတ မြို့နယ်မှာ ကျေးရွာပေါင်း ၇၉၇ ရွာ ရှိပြီး၊ အဲဒီထဲကမှ ကျေးရွာ ၁၉ ရွာမှာတော့ Cash for Work စီမံကိန်း ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“နိုင်ငံတော်ရဲ့ Covid-19 Economic Relief Plan အရ ကျေးလက် ကုန်ထုတ်လမ်းနဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းများ ဖော်ထုတ်ပြီး၊ ၎င်းတို့ ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ ချက်ချင်း ဝင်ငွေ ရရှိစေရန် အတွက် Cash for Work စီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အနေနဲ့ ကျေးရွာအုပ်စု ၁၉ အုပ်စုမှာ ၁၉ ရွာ ဆောင်ရွက်မှာ ဖြစ်ပြီး၊ ကျေးရွာ အဆင့် စီမံကိန်း ကော်မတီဝင်များဟာ ကျေးရွာရဲ့ အများ သဘောတူညီမှုဖြင့် ရွေးချယ်ခဲ့ကာ ဆောင်ရွက်နေပါတယ်။”- ဒေါ်သန္တာ စိုး (လက်ထောက် ညွှန်ကြားရေးမှူး) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ဟင်္သာတမြို့)
ကျေးရွာ ၁၉ ရွာမှ ကော်မတီဝင် ၁၅၆ ဦးနဲ့ ကျေးရွာ တာဝန်ခံ ဝန်ထမ်းများအား ကျေးရွာ အဆင့် စီမံခန့်ခွဲမှု သင်တန်းကိုလည်း ပို့ချပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
“ဟင်္သာတမြို့နယ် ကျေးရွာ ပေါင်း ၇၉၇ ရွာ ရှိပါတယ်။ ၇၉၇ ရွာမှာမှ ကျမတို့ Cash for Work စီမံကိန်းကို ၁၉ ရွာ ဆောင်ရွက်ခွင့် ရမှာ ဖြစ်ပါတယ်၊ Cash for Work စီမံကိန်း စီမံခန့်ခွဲမှု သင်တန်းများကိုလည်း သင်တန်းပို့ချပြီး၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် စတင် ကွင်းဆင်း စစ်ဆေးလျက် ရှိပါတယ်၊ Cash for Work စီမံကိန်းကို ဆောင်ရွက်ခြင်းအားဖြင့် အမှန်တစ်ကယ် ဝင်ငွေ လိုအပ်နေတဲ့ တစ်ကယ့်ကို အခက်အခဲ ဖြစ်နေတဲ့ မိသားစုတွေ အတွက် အဆင်ပြေနိုင်မယ့် လုပ်ငန်း တစ်ခု၊ စီမံကိန်း တစ်ခု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်” - ဒေါ်သန္တာ စိုး (လက်ထောက် ညွှန်ကြားရေးမှူး) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ဟင်္သာတမြို့)
နိုင်ငံတော်က ချမှတ်ထားတဲ့ ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ဖို့အတွက် Cash for Work အစီအစဉ်ကို ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။
#CERP
#CFW
#DRD
#MOALI