တံတားဦးမြို့နယ် ပန်းယျကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ (VRFP)နှင့် Cash For Work စီမံကိန်းများ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း

တံတားဦး ဇူလိုင် ၁၀

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပန်းယျကျေးရွာအုပ်စု ပန်းယျကျေးရွာတွင် ကျေးရွာမတည် ရန်ပုံငွေ (VRFP)နှင့် Cash For Work စီမံကိန်းများ မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက Cash For Work စီမံကိန်းဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေးဆောင်ရွက်မှုတွင် စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူ ပြုကြောင်း၊ ပြည်သူများအတွက်ချက်ခြင်းဝင်ငွေရရှိကြောင်း ၊ ကျေးရွာအတွက် လိုအပ်သော အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာပြီး ကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လယ်ယာသားငါး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀) ထောက်ပံ့ခြင်း ကျေးရွာ ရွေးချယ်ခြင်း စသည့်တို့ကိုပြောကြားပြီး ဦးစီးအရာရှိ ဦးစောဇော်ဝင်းထွန်းမှ စီမံကိန်းမိတ်ဆက်ခြင်း သင်တန်းပို့ချခြင်း၊ စီမံကိန်းလုပ်ငန်းနှင့် အိမ်ထောင်စုများရွေးချယ်ခြင်း၊ စီမံကိန်း လုပ်ငန်းအတည်ပြု၍ ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း၊ လုပ်ငန်းစတင်ဆောင်ရွက်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စောင့်ကြည့်ပြီး စစ်ဆေးခြင်း၊ စီမံကိန်း ပိတ်သိမ်းခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပန်းယျကျေးရွာအတွက် Cash For Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာမှရွေးချယ်တင်မြှောက်သော ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းကိုင်နှင့် အဖွဲ့ဝင်(၃)ဦး စုစုပေါင်း(၇)ဦးဖြင့် ကော်မတီဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)

#CERP

#CFW

#DRD

#MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/10/07/2020/id-23517