နိုင်ငံတော်မှ ချမှတ်ထားသော COVID-19 ကာလ စီးပွားရေး ကုစားမှု အစီအစဉ် CERP အရ Cash for Work စီမံကိန်း လုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်

Sunday, 6 September 2020, MRTV Media Coverage

နိုင်ငံတော်က ချမှတ်ထားတဲ့ COVID-19 ကာလ စီးပွားရေး ကုစားမှု အစီအစဉ် CERP အရ ကျေးလက်ဒေသနေ မိသားစုဝင်များ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ဖို့ Cash for Work စီမံကိန်း လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ စက်တင်ဘာလ ၃ ရက်နေ့က တနင်္သာရီတိုင်း ဒေသကြီး ထားဝယ် ခရိုင်မှာ Cash for Work စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ မိုးရွှေကူး ကျေးရွာမှာ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း၊ တံခွန်တိုင် ကျေးရွာမှာ ကျေးရွာလမ်း ပြုပြင်ခြင်း၊ စုံစင် ကျေးရွာမှာ လမ်းပြုပြင်ခြင်းနဲ့ စာသင်ကျောင်း ပြုပြင်ခြင်း၊ ပိတောက်ကြီး ကျေးရွာမှာ ကုန်ထုတ်လမ်း ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မိုင်းခေါင် ကျေးရွာမှာ ကွန်ကရစ်ဘောင် သဲကျောက်ခင်းခြင်း လုပ်ငန်းနဲ့ ဇန်လွန်ကျေးရွာမှာ ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းများကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံ မြို့နယ် မြေထဲ မြို့ဟောင်း မိုးဖုန်းကျေးရွာမှာ ကျောက်ကြီးစီ မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းနဲ့ စခန်းကြီးကျေးရွာမှာ မြေနီ ကျောက်စရစ်ခင်းခြင်း၊ ကွန်ကရစ် ခင်းခြင်း လုပ်ငန်းတွေကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာများမှာ Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနဲ့ စာရင်း ဇယား၊ M & E ပုံစံများ ဖြည့်သွင်းထားရှိမှု လုပ်ငန်းများကို လည်းကောင်း၊ တာဝန်ရှိသူများက ကြည့်ရှု့ စစ်ဆေးခဲ့ကြပါတယ်။

အဆိုပါ လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နည်းပညာ ပံ့ပိုးပြီးတော့ ကျေးလက်နေ ပြည်သူများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်စေပြီးတော့ ကျေးလက်နေ ပြည်သူများ ဝင်ငွေ ရရှိစေဖို့ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။

သတင်း - ပြည်နယ်နှင့်တိုင်း (ပြန်/ဆက်)

မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား

#CFW, #CERP, #DRD, #MOALI

https://www.mrtv.gov.mm/mm/news-87407