သဲကုန်း ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချောစုဇံနှင့် သဲကုန်းမြိုနယ် DRD/TTA စီမံကိန်းဝန်ထမ်းများနှင့်အတူ ယမန်နေ့က လုပ်ငန်းခွဲဆောင်ရွက်နေမှုများကို ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ထိုကဲ့သို့ ကွင်းဆင်းကြည့်ရာတွင် လောင့်ကြီးကျေးရွာအုပ်စု၊ ရွာလှကျေးရွာ စက်ရေတွင်းတူးဖော်ခြင်း၊ ၂၀ ပေအမြင့်ရေစင် လုပ်ငန်းအတွက် စက်ရေတွင်းတူးဖော်ခြင်းအား ဘနည်းပညာရေထွက်နှုန်း ကြည့်ပြီးမှ ပိုက်ချရန်၊ ရေထွက်နှုန်းကောင်းမကောင်း ရေ result စစ်ပြီးမှ ရေစင် ရေစက်ရုံ တည်ဆောက်ရန်၊ သင်တော၊ မကျီးဇင် ရွာချင်းဆက်မြေနီလမ်း လမ်းလိပ်ကျောခုံးပုံ သဏ္ဍာန်ပေါ်စေရန်၊ လှိုင်းထနေသောနေရာများ ညှိပြီး လမ်းဘေးပါးခုံများ အနားလုံးတင်၍ ကြိတ်ရန်မှာကြားခဲ့ပြီး ကျေးရွာအမျိုးသား/ သမီးကော်မတီခေါင်းဆောင်များနှင့် တွေ့ဆုံ၍ အခက်ခဲများ၊ ကြိုးပမ်းဆောင်ရွက်မှုများ၊ အောင်မြင်မှု များကို အပြန်အလှန် ရင်းရင်းနှီးနှီးစွာ ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဒုညွှန်မှူးနှင့်အဖွဲ့သည် သဲကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆောက်လုပ်နေသော CDD စီမံကိန်းဝန်ထမ်းများ အသုံးပြုနိုင်ရန် တိုးချဲ့ဆောင်အား ကွင်းဆင်း ကြည့်ရှု၍ တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီအား အဆောက်အဦး လုပ်ငန်းလုပ်ဆောင်ခြင်းအပေါ် တိုးတက်မှုအခြေအနေ အားနည်း၍ ဇူလိုင်လ ဒုတိယပတ်အတွင်း တိုင်ထောင်ပြီးစီးသည်အထိ လုပ်ငန်း တိုးတက်မှုအခြေအနေကို ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး ပြန်လည်ထွက်ခွာသွား ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)