ပေါက်မြို့နယ် အိုင့်ကျယ်ကျေးရွာ၌ ကျေးရွာ မြေသားရေလှောင်ကန်တူးဖော်မှု ရာနှုန်းပြည့်ပြီးစီး

မ​ကွေးတိုင်း​ဒေသကြီး၊ ပခုက္ကူခရိုင်၊​ ပေါက်မြို့နယ်ဝန်ခြုံး​ကျေးရွာအုပ်စု အိုင့်ကျယ်​ကျေးရွာတွင် နှစ်စဥ်​နွေရာသီ​ရောက်တိုင်း သောက်သုံး​ရေရှားပါးပြတ်လပ်မှု ကြုံ​တွေ့​နေရသည့်အတွက် ပေါက်မြို့နယ်​ ကျေးလက်​ဒေသဖွံ့ ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း (စတုတ္တနှစ်စက်ဝန်း​) ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာ​မြေသား​ရေ​​​လှောင်ကန်ကို​ ဖေ​ဖော်ဝါရီ ၁၈ရက်က စတင်တူး​ဖော်​ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင်ရာနှုန်းပြည့် ပြီးစီး​အောင်မြင်​နေပြီ ဖြစ်​ကြောင်း သိရသည်။

အဆိုပါ​ မြေသား​ရေ​လှောင်ကန်မှာ အလျား ​ပေ ၃၀၀၊ အနံ​ပေ ၁၅၀၊ အမြင့်ပေ ၃၀ရှိပြီး လူထုဗဟိုပြုစီမံကိန်း(စတုတ္တနှစ်စက်ဝန်း) ထောက်ပံ့ရန်ပုံ​​ငွေကျပ် ၁၂၅သိန်း​ကျော်နှင့် လူထုဗဟိုပြုစီမံကိန်းမှ ဝန်ထမ်းများ၏နည်းပညာများ အနီးကပ်ကြီးကြပ်​ဆောင်ရွက်မှုများ ၊ ကျေးလက်နေပြည်သူများ၏ လုပ်အားများနှင့်အတူ ပေါင်းစပ် တူး​ဖော်တည်ဆောက်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့် ပြီးစီး​နေပြီဖြစ်သည်။

မြေသားရေလှောင်ကန်ပြီးစီးသည့်အတွက် အဆိုပါ​ကျေးရွာရှိအိမ်ထောင်စု ၃၁စု၊ လူဦးရေ ၁၆၇ ဦးနှင့် အိမ်​မွေးတိရစ္ဆာန်​များအတွက်​ သောက်သုံး​ရေ ဖူလုံစွာသုံးစွဲနိုင်​တော့မည်ဖြစ်ကြောင်း အိုင့်ကျယ်​ကျေးရွာ​နေ ​ဦးတင်​အောင်၏ ​ပြောပြချက်အရ သိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး

https://www.moi.gov.mm/iprd/?q=news%2F%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%2F5%2F07%2F2020%2Fid-22770&fbclid=IwAR0LBxj3IqUAz1XY6Z-8RBYuxy59d0Tm0uhsPu2lvb3vgY9ZCWzxVwo04sI