တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများကို ကြည့်ရှု့ စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ချင်း ပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) အဖြစ် ကျေးရွာများမှာ စီမံကိန်း လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ် နည်းပညာပေး အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်း၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အခြေခံ အဆောက်အဦးပိုင်းဆိုင်ရာ တာဝန်ခံ ဦးရောဘတ်နဲ့ တာဝန်ကျ လက်ထောက် နည်းပညာမှူး၊ လူထု စည်းရုံးရေးမှူးများ ပါဝင်တဲ့ တာဝန်ရှိသူများအဖွဲ့မှ ၂၀၂၀ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ ကွင်းဆင်း ညှိနှိုင်းခဲ့ပါတယ်။

 

အဆိုပါ စီမံကိန်း တာဝန်ရှိသူများ အဖွဲ့က ကျောင်း ခြံစည်းရိုး တည်ဆောက်ခြင်းလုပ်ငန်း၊ စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်း၊ မူလတန်း ကျောင်းဆောင် တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို စစ်ဆေး သုံးသပ်ကာ လူထု ဗဟိုပြု စီမံကိန်း ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်များနဲ့ တွေ့ဆုံပြီး၊ စီမံကိန်း လုပ်ငန်းခွဲများကို သတ်မှတ်ထားတဲ့ အရည်အသွေး ပြည့်မှီစွာ ဆောင်ရွက်ကြရန် ကျား-မ ရေးရာ အခန်း ကဏ္ဍနဲ့ ဝေဖန် အကြံပြု တိုင်ကြား ဖြေရှင်း စံနစ်များ ထည့်သွင်းလုပ်ဆောင်ကြရန် မှာကြားခဲ့ပါတယ်။

 

သတင်း - ဦးဇော်ဝင်း (CSAGS)

Credit- Ministry of Information

#NCDDP #DRD #MOALI #WorldBank