လှိုင်းဘွဲ့မြို့နယ် မအဲကျေးရွာ လူထုဗဟိုပြု စီမံကိန်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်တဲ့

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းနဲ့ စက်ဝန်းနဲ့ ဆောင်ရွက်ခဲ့တဲ့ ကမော့လဲ မအဲ ကျေးရွာအုပ်စု မအဲကျေးရွာ ကွန်ကရစ်လမ်း

သစ်ဖွင့်ပွဲအခမ်းအနားကို အဲဒီလမ်း ကျေးရွာ မုဒ်ဦးမှာ ကျင်းပခဲ့ပါတယ်။

 

ကျေးရွာတွင်း ကွန်ကရစ်လမ်း အရှည် ပေ ၂၀၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မ ထု ခင်းခြင်း လုပ်ငန်းကိုတော့ လူထုဗဟိုပြု စီမံကိန်း ကျပ် ၂၄၇ သိန်း၊ ကျေးရွာလူထု

ထည့်ဝင်ငွေကျပ် ၄၅ ဒဿမ ၆၈၄ သိန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ နည်းပညာ ပံ့ပိုးမှု၊ လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့

ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

 

သတင်း - စိုးမိုးကျော်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank