မိုးကောင်း မြို့နယ် မြို့သစ် ကြီး ကျေးရွာမှာ ကျေးရွာ ခန်းမဆောင်အတွက် လူထု စစ်တမ်း ကောက်ယူ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ကို ကချင်ပြည်နယ် မိုးကောင်း မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ ယခုအခါမှာ ကျေးရွာတွေရဲ့ စီမံကိန်း လုပ်ငန်းခွဲ တွေမှာ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဆောင်ရွက်ပြီးစီးသွားတဲ့ စီမံကိန်း လုပ်ငန်းခွဲတွေရဲ့ လုပ်ငန်း ဆောင်ရွက်မှုနဲ့ ငွေကြေး သုံးစွဲမှုတွေကို စီမံကိန်း လုပ်ငန်းစဉ် တစ်ခု ဖြစ်တဲ့ လူထု စစ်ဆေးပွဲတွေကို ကျေးရွာလူထု အများနဲ့ နှစ်စဉ် ကျင်းပနေကျ ဖြစ်ပေမယ့်လည်း ယခု အခါမှာ

Covid-19 ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် လူထုလူဝေး ပြုလုပ်ဖို့ မဖြစ်နိုင်တဲ့ အတွက် ကျေးရွာ ကြော်ငြာသင်ပုန်းမှာ ကပ်တာ လော်စပီကာနဲ့ ကြေညာတာ လုပ်ငန်းစဉ်နဲ့ ရလာဒ်အပေါ် ကျေးရွာ လူထုရဲ့ စိတ်ကြေနပ်မှု အပေါ် မဲပေးနိုင်ဖို့ အိမ်တိုင်ရာရောက် စာရွက်တွေ ဝေပြီး၊ ကောက်ယူခြင်းကို ဇွန်လ ၁၆ ရက်နေ့ မနက် ၈ နာရီ အချိန်က စတင်ပြီး မြို့သစ် ကြီး ကျေးရွာမှာ တာဝန်ကျ စီမံကိန်း ဝန်ထမ်းတွေနဲ့ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေက ဦးဆောင်ပြီး၊ ကျေးရွာ အတွင်းမှာ လှည့်လည် ဆောင်ရွက်ကြရာ မြို့နယ် ဦးစီးမှူး ဦးမြသိန်းဝင်းနဲ့ လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေက အတူ လိုက်ပါ ကြီးကြပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ မြို့သစ်ကြီး ကျေးရွာ ဘက်စုံသုံး ခန်းမဟာ ငွေကျပ် ၃၆၂ သိန်းနဲ့ ခန်းမ အဆောက်အဦးနဲ့ ခြံစည်းရိုး ကာရန်ခြင်းကို အလုံးစုံ ကန်ထရိုက်အဖြစ် ဖေဖေါ်ဝါရီလ ၂၈ ရက် နေ့မှာ စတင် ဆောင်ရွက်ခဲ့ရာ ဇွန်လ ၇ ရက်နေ့မှာ ပြီးစီးခဲ့ပါကြောင်း၊ ခန်းမဆောင်နဲ့ ပတ်သတ်တဲ့ စိတ်ကျေနပ်မှု အပေါ် မဲပေး ရာမှာ အိမ်ထောင်စုပေါင်း ၃၇၀ မှ အလွန်ကျေနပ်မဲ ၃၃၁ မဲနဲ့ ကျေနပ်မဲ ၃၉ မဲနဲ့ လူထု စစ်ဆေးပွဲ ရလာဒ်တွေကို ကျေးရွာ လူထု သိရှိစေဖို့ ကြော်ငြာ သင်ပုန်းမှာ ကြေညာ ပေးခဲ့ပါကြောင်း၊ Team Leader ဒေါ်အေးအေးလင်းက ပြောကြားပါတယ်။

သတင်း - ဧဧလေး

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank