မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း စီမံကိန်းလုပ်ငန်းခွဲများ ကွင်းဆင်းကြည့်ရှု

ဆော ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)တွင် အညာပန်းပလွန်းကျေးရွာ၌ စီမံကိန်းလုပ်ငန်းခွဲ ဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးထင်လင်း၊ ဦးကျော်မြင့်၊ ဆောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်း၊ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းလင်းနှင့် တာဝန်ရှိသူများသည် အညာပန်းပလွန်းကျေးရွာ လူထုဗဟိုပြုစီမံကိန်းပံ့ပိုးငွေ ကျပ်သိန်း(၁၅၀)ဖြင့် အိမ်တိုင်ရာရောက် ရေပေးဝေခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် စီမံကိန်းပံ့ပိုးငွေ ကျပ်သိန်း(၁၀၀) ဖြင့် ဆောင်ရွက်လျက်ရှိသော မီးကြိုး မီးတိုင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ ကြိုးပမ်းဆောင်ရွက်မှုများ၊ အောင်မြင်မှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကာ စီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီရေး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)

 

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/10/07/2020/id-23434