ဓနုဖြူ မြို့နယ်တွင် ကျေးရွာချင်းဆက် ကွန်ကရစ် တံတား တည်ဆောက်နေမှု ကြည့်ရှု့ စစ်ဆေး

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင် ခရိုင် ဓနုဖြူ မြို့နယ်၊ လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း နဲ့‌ ဆောင်ရွက်လျက် ရှိတဲ့ အင်္ဂလာ ကျေးရွာ အုပ်စု အင်္ဂလာမြောက် ကျေးရွာမှာ ကျေးရွာချင်းဆက် ကွန်ကရစ် တံတား တည်ဆောက်နေမှု အခြေအနေများကို မေလ ၁၇ ရက်နေ့ မနက် ၁၀ နာရီ အချိန်က ဧရာဝတီတိုင်း ဒေသကြီး လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးသန့်ဇော်လွင်၊ ဒုတိယ ညွှန်ကြားရေးမှူး နည်းပညာ ဓနုဖြူ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်နဲ့ ဝန်ထမ်းများ၊ လူထု ဗဟိုပြု စီမံကိန်း ကော်မတီဝင်များက ကြည့်ရှု့စစ်ဆေးကာ လိုအပ်သော နည်းပညာပိုင်းဆိုင်ရာ အချက်များကို အကြံပြု ဆွေးနွေး မှာကြားပါတယ်။

 

အဆိုပါ အုတ်စီ သံဘောင် ကွန်ကရစ် တံတား၊ အရှည် ပေ ၂၀ ၊ အကျယ် ၁၄ ပေ တည်ဆောက်ခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၁၇၄ သိန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းများရဲ့ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် မေလ ပထမပတ်မှ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

 

သတင်း - စိုးမိုးကျော်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank