သဲကုန်းမြို့နယ် ကျေးရွာတွင်း မြေသားလမ်း အဆင့် မြင့်တင်ခြင်း လုပ်ငန်းအား ကွင်းဆင်း စစ်ဆေး

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်တဲ့ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေနဲ့ ကျေးသား ကျေးရွာစု အလယ်ရွာကျေးရွာမှာ ကျေးရွာတွင်း မြေသားလမ်း အဆင့် မြင့်တင်ခြင်းလုပ်ငန်း တွေ ဆောင်ရွက်နေမှုကို တာဝန်ရှိသူတွေက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

အဲလို ကွင်းဆင်း စစ်ဆေးရာမှာ သဲကုန်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း လက်ထောက်နည်းပညာမှူး ဦးသော်တာမင်းထက်၊ လူထု စည်းရုံးရေးမှူး ဦးဝင်းဌေးတို့က ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်တွေနဲ့အတူ ဧပြီလ ၂၈ ရက်နေ့ မနက် ၁၀ နာရီက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပြီး၊ လုပ်ငန်း အချိန်မီ ပြီးစီးရေး၊ ရေရှည်တည်တံ့ ခိုင်မြဲစေရေး၊ အလေးထား‌ ဆောင်ရွက်သွားကြဖို့ ဆွေးနွေး မှာကြားခဲ့ကြောင်း သိရပါတယ်။

အလယ်ရွာ ကျေးရွာမှာ မြေသားလမ်း အဆင့်မြင့်တင်ခြင်း လုပ်ငန်း အရှည် ပေ ၁၈၀၀ ၊ အကျယ် ၁၆ ပေ၊ ထု ၃ လက်မကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၃ သန်း နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း လက်ထောက် နည်းပညာ မှူး၊ လူထု စည်းရုံးရေးမှူးတွေ ရဲ့ နည်းပညာ အကူအညီ၊ အနီးကပ် ကြီးကြပ်မှုတွေနဲ့ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင် အထည် ဖော် ဆောင်ရွက်လျက် ရှိပြီး၊ ကျေးရွာမှာ ရှိတဲ့ အိမ်ခြေ ၆၁ အိမ်က လူဦးရေ ၁၉၄ ဦးတို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး လုပ်ငန်းတွေမှာ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး အကျိုးပြုမှာ ဖြစ်ကြောင်း သဲကုန်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်းက လက်ထောက်နည်းပညာမှူး ဦးသော်တာမင်းထက်က ပြောကြားခဲ့ပါတယ်။

သတင်း - ငြိမ်းသူ (စလင်း)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank