ပြည်နယ်အင်္ဂျင်နီယာနှင့် တာဝန်ရှိသူများ မိုင်းခတ်မြို့နယ်အတွင်း လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းခတ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းမှာ စီမံကိန်း လုပ်ငန်းတွေ အကောင်အထည်ဖော်လျက်ရှိရာမှာ မိုင်းဟန်အုပ်စု ဝမ်ကောင်း ကျေးရွာမှာ ရှိတဲ့ ကျေးရွာ ခန်းမဆောင် တည်ဆောက်ဖို့ မြေညှိထားမှု၊ ဖာလန်ကော်အုပ်စု နမ့်တာပီး အောက်ကျေးရွာ စိမ့်စမ်းရေ သွယ်ယူရေး လုပ်ငန်း အခြေအနေနဲ့ နမ့်တာပီး အပေါ်ရွာ ကျေးရွာခန်းမဆောင် တည်ဆောင်နေမှုတို့ကို ၂၀၂၀ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ လူထုဗဟိုပြု စီမံကိန်းမှာ ပြည်နယ်အင်္ဂျင်နီယာ ဦးအောင်ဇော်မြင့်၊ နည်းပညာ အကြံပေး အဖွဲ့မှ ကျား-မ ရေးရာ တာဝန်ခံ ဒေါ်ခင်မာဌေး၊ လက်ထောက်နည်းပညာမှူး ဒေါ်နှင်း ယုယုခိုင်၊ လူထု စည်းရုံးရေးမှူး ဦးအောင်ရဲနိုင်နဲ့ ဦးရောရှာဘားတို့က ကွင်းဆင်း ကြည့် ရှု့ခဲ့တယ်လို့ သိရပါတယ်။

အဲလို ကွင်းဆင်း ကြည့်ရှု့ရာမှာ စီမံကိန်း လုပ်ငန်းတွေ သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း အရည်အသွေး ပြည့်မှီစေရေး၊ လုပ်ငန်းမှာ အမျိုးသမီးတွေ ပူးပေါင်းပါဝင်ပြီး လုပ်အားခ တန်းတူ ရရှိရေး၊ စီမံကိန်းနဲ့ သတ်ဆိုင်တဲ့ စာရွက်စာတမ်းတွေ စုံလင်မှုရှိရေး၊ လုပ်ငန်း ပြုလုပ်နေစဉ် အကာအကွယ် ပစ္စည်းတွေ အသုံးပြုရေးတို့ကို မှာကြားပြီး၊ လုပ်ငန်းခွဲတွေကို ကြည့်ရှုခဲ့ပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank