ပေါက်မြို့နယ် လယ်လန်းကျေးရွာမှာ အင်ဂျင်မီးလင်းရေး လုပ်ငန်းအတွက် လူထု စစ်တမ်း ကောက်ယူ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ကို ပေါက်မြို့နယ် လယ်လန်းအုပ်စု၊ လယ်လန်းကျေးရွာ အင်ဂျင်မီးလင်းရေး လုပ်ငန်းမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ယခုအခါမှာ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီ အင်ဂျင်မီးလင်ရေး လုပ်ငန်းမှာ၊ မီးတိုင် ၄၁ တိုင်၊ မီးကြိုး အရှည်ပေ ၉,၆၆၆ ပေ စီမံကိန်း ထောက်ပံ့ငွေပံ့ငွေ ၁၄,၄၃၇,၅၀၀ ကျပ် ၊ ကျေးရွာထည့်ဝင်ငွေ ၅၅၈, ၆၅၀ ကျပ်၊ စုစုပေါင်းငွေကျပ် ၁၄,၉၉၆,၁၅၀ နဲ့ ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၄ ရက်နေ့မှာ ပြီးစီးခဲ့ပါကြောင်း၊ အဆိုပါ အင်ဂျင်မီးလင်ရေးလုပ်ငန်းနှင့် ပတ်သတ်တဲ့ စိတ်ကျေနပ်မှု အပေါ် မဲပေး ရာမှာ အိမ်ထောင်စုပေါင်း ၂၆၈ အိမ် မှ လုပ်ငန်းစဉ်အတွက်‌ ကျေးရွာလူထုမှ မဲ‌ပေးရာ အလွန်ကျေနပ်မဲ (၂၀၁) မဲ၊‌ ‌ကျေ နပ်မဲ ၉၅ မဲနဲ့ ၊ ရလဒ်မှာ အလွန်ကျေနပ်မဲ ၂၀၁ မဲ၊ ကျေနပ်မဲ ၉၅ မဲ ရရှိပြီး၊ လူထု စစ်ဆေးပွဲ ရလာဒ်တွေကို ကျေးရွာ လူထု သိရှိစေဖို့ ကြော်ငြာ သင်ပုန်းမှာ ကြေညာ ပေးခဲ့ပါကြောင်း၊ လူထုစည်းရုံးရေးမူး ဒေါ်သဇင်ဦး က ထံကနေ သိရပါတယ်။

 

သတင်း - မျိုးဝင်းထွန်း (CSAGS)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank