ထီးပနား ကျေးရွာတွင် ကျေးရွာနေ ပြည်သူများ သွား/လာရေး အဆင်ပြေ စေရန် တံတား တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်

NCDDP’s Stone Pitching Slab Culvert Construction in Htee Panar of Hlaingbwe Kicked Off

Kayin, 23 December 2020, Ministry of Information

လှိုင်းဘွဲ ဒီဇင်ဘာ ၂၃

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် လူထုဗဟိုပြု စီမံကိန်းထောက်ပံ့ငွေ (၉,၈၈၈,၀၀၀) ကျပ်ဖြင့် ရင်းဘိုင်းကျေးရွာ အုပ်စု ထီးပနား ကျေးရွာ ကွန်ကရစ် တံတား Stone Pitching Slab Culvert (အလျား ၁၅ပေ x အနံ ၁၂ပေ x အမြင့် ၉ပေ) လုပ်ငန်းကို ယမန်နေ့က အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ် တံတားကို လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး စောသိန်းကျော်စိုး၊ လူထု စည်းရုံးရေးမှူး ခွန်တင့်နိုင်ထွန်းတို့မှ အနီးကပ် ကြီးကြပ်မှု၊ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာ ပြည်သူလူထ ုတို့၏ ပူးပေါင်း ပါဝင်မှု များဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး လုပ်ငန်းများ ၁၀၀% ပြီးစီး သွားပါက ထီးပနားကျေးရွာမှ အိမ်ထောင်စု (၃၅) စု လူဦးရေ (၂၃၈)ဦးတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ အတွက် သွား/လာရေးလွယ်ကူ အဆင်ပြေလာမည် ဖြစ်ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – MOI Webportal

https://www.moi.gov.mm/iprd/news/25671