လှိုင်းဘွဲမြို့နယ် နောင်သငဲ့ကျေးရွာ ရွာတွင်း ကျောက်ချောမြေသား လမ်း ဖောက်လုပ်မှု အဆင်ပြေ ချောမွေ့စေရေး အစည်းအဝေး ကျင်းပ

Meeting Organized for Village Street Construction in Naung Tha Nge Village of Hlaingbwe

Kayin, 14 December 2020, Ministry of Information

လှိုင်းဘွဲ၊ ဒီဇင်ဘာ ၁၄

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အ​ကောင် အထည်​​​ဖော် ဆောင်ရွက်နေသော လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် ​​နောင်သငဲ့​ကျေးရွာအုပ်စု ​နောင်သငဲ့​ကျေးရွာ ရွာတွင်း ကျောက်ချောမြေသားလမ်း ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ​အကြံပြု​ချက် ရရှိနိုင်ရန် အစည်းအ​ဝေး တစ်ရပ်ကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

နောင်သငဲ့​ကျေးရွာတွင် စီမံကိန်း​ ထောက်ပံ့​ငွေ ၁၂,၀၀၀,၀၀၀ ကျပ် ဖြင့် ​ဆောင်ရွက်​နေ​သော ရွာတွင်း​ကျောက်​ရော​မြေသားလမ်း ခင်းခြင်း (အရှည် ၁၀၃၃​ပေ ၊ အကျယ် ၁၅​ပေ ၊ ထု ၁​ပေ) လုပ်ငန်း နှင့် ပတ်သတ်၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ၊ တာဝန်ဝန်ခံမှုများ တိုးတက်လာ​စေရန်၊ ရပ်ရွာ ပူး​ပေါင်းပါဝင်မှု ပိုမို အား​ကောင်း လာ​စေရန်၊ ပိုမို​ကောင်းမွန်​သော ရလဒ်မှ စိတ်​ကျေနပ်မှု တိုးတက် မြင့်မားလာ​စေရန်၊ မလိုလားအပ်​သော ပြသာနာများ​ လျော့ကျ​စေရန် ရည်ရွယ်၍ အစည်းအ​ဝေး ကျင်းပရခြင်း ဖြစ်​ကြောင်းသိရသည်။

အဆိုပါ အစည်းအ​ဝေးကို လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသ ဖွံဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ​ ဝေဖန်အကြံပြု​ ဖြေရှင်း​ရေးတာဝန်ခံ ဦးညီညီ​ဇော်၊ မြို့နယ် နည်းပညာ အကြံ​ပေးအဖွဲ့မှ​ ဝေဖန် အကြံပြု တာဝန်ခံ ဦးနန္ဒထွန်း၊ ​​ကျေးရွာ တာဝန်ခံ လူထု စည်းရုံး​ရေးမှူးများ၊ ​​နောင်သငဲ့ ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူး ဦးမင်းမင်းစိုး၊​ ကျေးရွာ စီမံကိန်း အ​ထောက်အကူပြု​ကော်မတီ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာ ပြည်သူ လူထုတို့ တက်​ရောက်ခဲ့ ကြ​ကြောင်းသိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/24428