လူထု ဗဟိုပြု စီမံကိန်း ရွှေကူ မြို့နယ် ကျေးရွာ ခန်းမဆောင်နဲ့ သဲကျောက်လမ်း ဖွင့်ပွဲ ကျင်းပ

Opening Ceremony Held for NCDDP’s Village Hall and Village Street in Shwegu

Kachin, 7 December 2020, SkyNet Media Coverage

 

ကချင် ပြည်နယ် ဗန်းမော် ခရိုင် ရွှေကူ မြို့နယ် ‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနက လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း မှာ ဆောက်ရွက်ပြီးစီးခဲ့တဲ့ စီမူကြီးကျေးရွာ အုပ်စု စီမူကြီး ကျေးရွာ လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ ဆောင်ရွက်ပြီးစီးခဲ့တဲ့ စီမူကြီး ကျေးရွာ ခန်းမဆောင် တည်ဆောက်တဲ့ လုပ်ငန်းနဲ့ စီမူလေး ကျေးရွာ ကွန်ကရစ်ဘောင် သဲကျောက်လမ်းခင်းတဲ့ လုပ်ငန်း၊ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၅ ရက် နေ့လည်ပိုင်းက အဲဒီကျေးရွာတွေမှာ ကျင်းပခဲ့ပါတယ်။

ဖွင့်ပွဲ အခမ်းအနားကို ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက် တွေနဲ့ အညီ ဆောင်ရွက်ခဲ့တယ်လို့ ရွှေကူ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ သိရပါတယ်။

ရှေးဦးစွာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးဇော်ဇော်နောင်နဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တို့က စီမံကိန်း လုပ်ငန်းတွေကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဲဒီနောက် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းက အမှာ စကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ ဆောင်ရွက်ပြီးစီးခဲ့တဲ့ စီမူကြီး ကျေးရွာ ခန်းမဆောင် တည်ဆောက်တဲ့ လုပ်ငန်းကို ထောက်ပံ့ငွေကျပ် ၁၈ ဒသမ ၈ သန်းနဲ့ ကျေးရွာလူထု ထည့်ဝင်ငွေ သုည ဒသမ ၄ သန်း တို့နဲ့လည်းကောင်း၊ စီမူလေး ကျေးရွာ ကွန်ကရစ်ဘောင် သဲကျောက်လမ်းခင်းတဲ့ လုပ်ငန်းကို ထောက်ပံ့ငွေကျပ် ၇ ဒသမ ၇၂ သန်းနဲ့ ကျေးရွာ လူထု ထည့်ဝင်ငွေကျပ် သုည ဒသမ ၁ သန်းတို့နဲ့လည်းကောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာပါ။

အဲဒီ ဖွင့်ပွဲ အခမ်းအနားကို ညွှန်ကြားရေးမှူးတွေ မြို့နယ် ဌာန ဆိုင်ရာတွေ ကျေးရွာ ရပ်မိ ရပ်ဖတွေနဲ့ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေ လည်း တက်ရောက်ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။

သတင်း - မင်းမြင့်မိုရ်

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage