ပေါက်မြို့နယ် ဇင်ရွေးခုံ ကျေးရွာ စာသင်ကျောင်းဆောင် တိုးချဲ့ပြုပြင်

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ တဲတော့ရာအုပ်စု၊ ဇင်ရွေးခုံ ကျေးရွာ စာသင်ကျောင်းဆောင် တိုးချဲ့ပြုပြင် ဆောင်ရွက်နေမှု အခြေအနေများကို မေလ ၂၉ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှု့ စစ်ဆေး ခဲ့ပါတယ်။

ထိုကဲ့သို့ ကွင်းဆင်း စစ်ဆေးရာမှာ ပေါက်မြို့နယ် လူထုဗဟိုပြု စီမံကိန်း လက်ထောက်နည်းပညာမှူး၊ ဒေါ်အိသိမ့်သိမ့်ဖြိုး၊ လူထု စည်းရုံးရေးမှူး ဦးမင်းလွင်တို့မှ လုပ်ငန်း ကော်မတီဝင်များနှင့် တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုများကို ကွင်းဆင်း ကြည့်ရှု့ခဲ့ရာ လိုအပ်တဲ့ နည်းပညာများကို လုပ်ဆောင်နိုင်ရန် လမ်းညွှန်ခဲ့ပါတယ်။

အဆိုပါ ကျေးရွာ စာသင်ကျောင်းဆောင်ကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ် ၁၀၈ သိန်းဖြင့် အလျား ပေ ၆၀၊ အနံပေ ၃၀၊ အမြင့် ၁၂ ပေ ရှိတဲ့ ကျောင်းဆောင်ကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းများရဲ့ နည်းပညာ ပံ့ပိုးမှု အနီးကပ် ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ကျေးလက် ဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းခွဲ စုစုပေါင်း ၂၇၃ ခုကို စီမံကိန်း ထောက်ပံ့ငွေကျပ် သန်းပေါင်း ၃၁၀၉ သန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ စာသင်ကျောင်းဆောင် တည်ဆောက်ခြင်း လုပ်ငန်း ၆၃ ခုဖြစ်ကြောင်း သိရပါတယ်။

 

သတင်း- ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank