လူထုဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲမြို့နယ် သပုထိုကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း စတင်ဆောင်ရွက်

NCDDP’s Village Street Construction Kicked Off in Tha Pu To Village of Hlaingbwe

Kayin, 30 November 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ် အကူအညီနဲ့ ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) အိမ်ထောင်စု (၁၉၉) စု၊ လူဦးရေ (၁၃၆၉)ဦးကို အကျိုးပြုမယ့် သပုထို ကျေးရွာအုပ်စု သပုထိုကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း လုပ်ငန်းကို နိုဝင်ဘာ ၂၉ ရက်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ရွာတွင်း ကွန်ကရစ်လမ်းဟာ လူထု ဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ ငွေ ကျပ် ၁၇၃ သိန်းနဲ့ အကောင် အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး (အရှည်ပေ ၁၁၂၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ) တို့နဲ့ လှိုင်းဘွဲမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့ရဲ့ စနစ်တကျ လမ်းညွှန်မှု၊ လက်ထောက်နည်းပညာမှူး ၊ လူထု စည်းရုံးရေးမှူး တို့ရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာသူ/ ကျေးရွာသား တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်တာလို့ သိရပါတယ်။

 

သတင်း - ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage