ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ လုပ်ငန်းခွဲ ၂၇၇ ခု ဆောင်ရွက်ပြီးစီး

NCDDP’s 277 Sub-project Activities Accomplished in Pauk in the Fourth Year Project Cycle

Magway, 18 October 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ပေါက်မြို့နယ် လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ထောက်ပံ့ရံပုံငွေ ကျပ် ၃၁၀၉ သန်းနဲ့ ကျေးရွာ အုပ်စုပေါင်း ၇၁ အုပ်စု၊ ကျေးရွာပေါင်း ၂၆၂ ရွာမှာ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းခွဲပေါင်း ၂၇၇ ခုတို့ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ဆန်းပိုင်းက စတင် ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် စက်တင်လာ လကုန်အတွင်း လုပ်ငန်းအားလုံး ပြီးစီးသွားပြီ ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနကနေ သိရပါတယ်။

ကျေးလက်လမ်းခင်းခြင်း၊ တံတား တည်ဆောက်ခြင်း၊ ပညာရေးနှင့်သက်ဆိုင်သော အဆောက်အအုံတွေ၊ ရေးပေးရေးလုပ်ငန်း၊ မီးလင်းရေးလုပ်ငန်း၊ ကျေးရွာခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း စတဲ့ လုပ်ငန်းခွဲ တွေကို လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ နည်းပညာ ပံ့ပိုးမှုနဲ့ ဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးလက်နေ ပြည်သူ ၂ သိန်း နီးပါးခန့် အကျိုးခံစားခွင့် ရရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။

သတင်း- ဉာဏ်တိုး (ပေါက်)၊ မျိုးဝင်းထွန်း (CSAGS)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage