လှိုင်းဘွဲမြို့နယ် သပုထို ကျေးရွာတွင် လူဦးရေ (၁၃၆၉) ဦး အတွက် အကျိုးပြုမည့် ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်း ဆောင်ရွက်

လှိုင်းဘွဲမြို့နယ် သပုထို ကျေးရွာတွင် လူဦးရေ (၁၃၆၉) ဦး အတွက် အကျိုးပြုမည့် ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်း ဆောင်ရွက်

NCDDP’s Village Concret Street Construction Kicked Off in Tha Pu To Village of Hlaingbwe

Kayin, 30 November 2020, Ministry of Information

လှိုင်းဘွဲ ၃၀ နိုဝင်ဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အိမ်ထောင်စု (၁၉၉)စု၊ လူဦးရေ (၁၃၆၉)ဦး တို့အတွက် အကျိုးပြုမည့် သပုထို ကျေးရွာအုပ်စု သပုထိုကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း လုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၉ ရက်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွာတွင်း ကွန်ကရစ်လမ်း သည် လူထု ဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ ငွေကျပ် ၁၇၃၀၀၀၀၀ ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး (အရှည်ပေ ၁၁၂၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ) တို့ဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှုဖြင့် ကျေးရွာသူ/ ကျေးရွာသား တို့၏ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

http://www.mdn.gov.mm/my/liungbhaimiuny-sputhiukeraaraattng-luuuure-1369uuattk-akiupumnny-raattng-knkrclm-khngkhnglupngn

https://www.moi.gov.mm/iprd/news/22794