ထီလုံ ကျေးရွာ စာသင် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း ပန္နက်ရိုက် မင်္ဂလာ အခမ်းအနားကျင်းပ

School Foundation Laying Ceremony Held for NCDDP’s School Construction in Hti Lon Village of Hlaingbwe

Kayin, 23 November 2020, Ministry of Information

လှိုင်းဘွဲ နိုဝင်ဘာ ၂၃

 

လှိုင်းဘွဲမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်နေသော လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် ထီလုံကျေးရွာအုပ်စု ထီလုံကျေးရွာ စာသင် ကျောင်းဆောင် သစ် ဆောက်လုပ်ခြင်း ပန္နက်ရိုက် မင်္ဂလာ အခမ်းအနားကို ယမန်နေ့က ပြုလုပ်ခဲ့ရာ ပအိုဝ်း တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခွန်မျိုးတင့် တက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ စာသင် ကျောင်းဆောင်သစ်မှာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ (၃၅,၀၀၀,၀၀၀) ကျပ်ဖြင့် (အလျား ၆၀ ပေ၊ အနံ ၃၀ ပေ ၊ အမြင့် ၁၂ ပေ) အကောင်ထည်ဖော် ဆောင်ရွက်ပြီး လက်ထောက် နည်းပညာမှူး နန်းဆုမြတ်မေသွယ်၊ လူထု စည်းရုံးရေးမှူး နန်းခင်ဝေတင်တို့မှ အနီးကပ် ကြီးကြပ်မှု၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာ ပြည်သူလူထု တို့၏ ပူးပေါင်း ပါဝင်မှုများဖြင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် အပြီးသတ် ဆောက်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျောင်းဆောင်သစ် ပြီးစီးသွားပါက ထီလုံကျေးရွာမှ မူလတန်းကျောင်းတွင် ပညာ သင်ကြားနေသော ကလေး (၁၆၃) ဦးတို့အတွက် လုံခြုံ စိတ်ချစွာဖြင့် စနစ်တကျ ပညာသင်ကြား နိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/22010