NCDDP’s Socialization Meeting Conducted through Video Conferencing for Kyaikmaraw
Mon, 20 November 2020, Ministry of Information
ကျိုက်မရော နိုဝင်ဘာ ၂၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျိုက်မရောမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ လူထု ဗဟိုပြု စီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို Video Conferencing စနစ်ဖြင့် ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ကျိုက်မရော မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မွန်ပြည်နယ် စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက အဖွင့် အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ရုံးချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးသိန်းလွင်က မိတ်ဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက် လာသော ကိုယ်စားလှယ် များ ကိုယ်စား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်မျိုးမြင့်က သိရှိလိုသော မေးခွန်းများကို မေးမြန်း ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက ပြန်လည် ဖြေကြား ရှင်းလင်းခဲ့သည်။
ဆက်လက်၍ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်ကစီမံကိန်းပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးပြီးစီ မံကိန်းအကြောင်းဗီဒီယိုအား ကျေးလက်ဦးစီးဌာနရုံးချုပ် မှ ရှင်းလင်းပြသရာတွင် စီမံကိန်း ၏ရည်ရွယ်ချက်များဖြစ်သည့် ဆင်းရဲနွမ်းပါးသောကျေးလက်လူထုအနေဖြင့်အခြေခံလူမှု စီးပွားအဆောက် အဦများနှင့်ဝန်ဆောင်မှုများအားလူထုဗဟိုပြုစနစ်ကို ကျင့်သုံး၍ရယူသုံးစွဲနိုင် စေရန်၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ကျေးလက် ပြည်သူလူထု၏ စွမ်းဆောင်ရည်နှင့်အရည်အသွေးများကို မြှင့်တင်ပေးရန်၊ ဖြစ်ပေါ်လာနိုင်သောဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများတွင်ထိရောက်လျှင်မြန်စွာ တုန့်ပြန် နိုင်စေရန်တို့ဖြစ်ကြောင်း၊ အကျိုး ကျေးဇူးများအနေဖြင့် အဓိကအခြေခံ အဆောက်အဦများရရှိစေခြင်း၊မိမိကျေးရွာဖွံ့ဖြိုးရေးကို မိမိတို့ကိုယ်တိုင်စုပေါင်းဆောင်ရွက်တတ်လာခြင်း၊ ဒီမိုကရေစီနည်းလမ်းတကျ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်တတ် လာခြင်း၊ ကျေးရွာတွင်လူထုအားလုံးပါဝင်သော အကျိုးပြုလုပ်ငန်း ဆောင်ရွက်ခြင်း၊ ကျားမမခွဲခြားခြင်း အပါအဝင် ခွဲခြားမှုမရှိသောအသိုက်အဝန်းဖြစ်ပေါ်ခြင်း၊ သဘာဝ ပတ်ဝန်း ကျင်နှင့် လူမှုအကာအကွယ်များသိရှိလိုက်နာတတ်ခြင်းစသည့်အကျိုး ကျေးဇူးများရရှိကြောင်း ရှင်းလင်းပြသခဲ့သည်။
အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေရာ နှစ်နေရာခွဲ၍ စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးထံမှသိရသည်။
ချိုချို( ပြန်/ ဆက်)
https://www.moi.gov.mm/iprd/news/21835
#NCDDP, #DRD, #MOALI, #WorldBank
Credit- Ministry of Information