ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း စီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

၃၀-၁၁-၂၀၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း

အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း စီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားအား

ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ် နမ့်ခမ်းခန်းမ တွင် နိုဝင်ဘာလ (၃၀)ရက် ၂၀၁ရခုနစ် နံနက်(၁ဝးဝ၀)နာရီအချိန်တွင် ကျင်းပခဲ့ပါသည်၊၊

အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရပ်မိရပ်ဖများ၊ NGO/INGO၊ လွှတ်တော်ကိုယ်စားလှယ်များ၊

တက်ရောက်ခဲ့ပါသည်၊၊

အဆိုပါ အခမ်းအနားကို ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြှောင်းဝန်ကြီးဌာန ရှမ်းပြည်နယ်ဝန်ကြီး ဦးစိုင်းလုံးကျော်က

အဖွင့်အမှာစကာပြောကြားခြင်း၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုတိုးတက်ရေးဦးစီဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက

မိတ်ဆက်စကားပြောကြားခြင်း၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူ ဒေါ်သိင်္ဂ ီမင်းမှ စီမံကိန်းအကြောင်းမိတ်ဆက်စကားပြောကြားခြင်း၊

ကျေးလက်ဒသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေးက စီမံကိန်းအကြောင်း အသေးစိတ်ရှင်းလင်းခြင်း၊

ဦးစီးအရာရှိ ဦးဝင်းဇော်ထွန်းမှ စီမံကိန်းစက်ဝန်းအကြောင်း အသေးစိတ်ရှင်းလင်းခြင်းနှင့် တက်ရောက်လာသည့်ဧည့်သည်တော်မျာမှ

စီမံကိန်းအကြောင်းသိရှိလိုသည်များကို မေးမြန်းရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေး ပြန်လည်ဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး

နိဂုံးချုပ်အနေဖြင့် မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမိုးဇော်နိုင်မှ အခမ်းအနားအား(၁၃းဝ၀)နာရီတွင်

အောင်မြင်စွာပြီးဆုံးခဲ့သည်၊၊