လူထု ဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲမြို့နယ် နားဒိတ် ကျေးရွာရှိ စာသင် ကျောင်းဆောင်သစ် လုပ်ငန်း ၄၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

NCDDP’s School Construction in Nar Deik Village of Hlaingbwe Completed 40 Percent

Kayin, 18 November 2020, Skynet Media Coverage

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ် အကူအညီနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုး ရေး လုပ်ငန်းတွေ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ တဝန်ဖန်ရ ​ကျေးရွာ အုပ်စု နားဒိတ် ​ကျေးရွာ စာသင်​ ကျောင်း​ဆောင်​သစ် ဆောက်လုပ်ခြင်းကို ၄၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ပါတယ်။

အဲဒီ စာသင်ကျောင်းဆောင်သစ်ကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၃၂၄ သိန်းနဲ့ ဆောက်လုပ်တာ ဖြစ်ပြီး၊ လူထု ဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး နန်းဝင့်ဝတ်ရည်ခြူး၊ လူထုစည်းရုံးရေးမှူး နန်းမြတ်သူဇာတို့က အနီးကပ် ကြီးကြပ် ဆောင်ရွက်မှု မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့ရဲ့ စနစ် တစ်ကျ လမ်းညွှန်မှု ရပ်ရွာ ပြည်သူ လူထုတို့ရဲ့ ပူးပေါင်း ပါဝင်မှုတို့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

 

သတင်း - ခင်စန်း မြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage