လူထု ဗဟိုပြု စီမံကိန်း ဝေဖန် အကြံပြု ဖြေရှင်းရေး စနစ်ဆိုင်ရာ သင်တန်း မိုင်းခတ်မြို့နယ်တွင် ပို့ချ

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ ခရိုင် မိုင်းခတ် မြို့နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် စက်ဝန်းမှာ စီမံကိန်း လုပ်ငန်းခွဲတွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ စီမံကိန်းက ချမှတ်ထားတဲ့ ဝေဖန် အကြံပြု ဖြေရှင်းရေး စနစ်ကို ထည့်သွင်းလုပ်ဆောင်နိုင်ဖို့အတွက် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ဝေဖန် အကြံပြု တိုင်ကြားချက် ဖြေရှင်းခြင်း သင်တန်းကို နောင်လောအုပ်စု၊ ကျိုင်းကောင် ကျေးရွာမှာ ကျင်းပ ပြုလုပ်တယ်လို့ သိရပါတယ်။ အဲဒီသင်တန်းကို ကျေးရွာ ၈ ရွာက ဟားခါ၊ လာဟူ ရှမ်းလူမျိုး ဝေဖန် အကြံပြု ကော်မတီဝင် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၁၅ ဦး တက်ရောက်ခဲ့ပါတယ်။

သင်တန်းကို လူထုဗဟိုပြု စီမံကိန်းက လူထု စည်းရုံးရေးမှူး၊ ဦးမျိုးမင်းအောင်က ဟာခါ၊ လားဟူ ရှမ်းဘာသာနဲ့ သင်တန်း ပို့ချ ပေးခဲ့ပြီး၊ လက်ထောက်နည်းပညာမှူး ဒေါ်ထက် သီရိပိုင်ဦးက ပံ့ပိုးကူညီပေးခဲ့ပါတယ်။

သင်တန်း ရည်ရွယ်ချက်ကတော့ စီမံကိန်း လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ စီမံကိန်းနဲ့ သက်ဆိုင်သူ အားလုံးဟာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ ကျေးရွာ ကော်မတီဝင်တွေကိုယ်တိုင် နားလည် သဘောပေါက်ပြီး၊ ရွာသူရွာသားတွေကို ဆင့်ပွားမျှဝေကာ လက်တွေ့လုပ်ဆောင်သွားနိုင်ဖို့၊ ဝေဖန်အကြံပြုခြင်း ပြဿနာတွေကို ဖြေရှင်းတတ်ခြင်း အလေ့အကျင့်တွေ ရွာသူရွာသားတွေ ကိုယ်တိုင် ဆောင်ရွက်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။

သတင်း- တင်အောင်မိုးမြင့်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank