လူထု ဗဟိုပြု စီမံကိန်း ဆောမြို့နယ် ပညာရေး ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပညာရေး ဌာနတွေကို လွှဲပြောင်း ပေးအပ်

NCDDP’s Education Infrastructure in Gangaw Handed Over to Education Department

Magway, 7 November 2020, SkyNet Media Coverage

မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ် အီတလီ ချေးငွေနဲ့ လူ ထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း၊ စတုတ္ထနှစ် စက်ဝန်းအတွင်း ဆောင်ရွက်ပြီးစီး ခဲ့တဲ့ ပညာရေး ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပညာရေး ဌာနတွေကို လွှဲပြောင်း ပေးအပ်တဲ့ အခမ်း အနားကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင့်၊ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထင်လင်း၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်းနဲ့ ဌာန ဆိုင်ရာ ဝန်ထမ်းတွေ တက်ရောက်ပြီး၊ နိုဝင်ဘာလ ၆ ရက်နေ့ မနက် ၁၀ နာရီ အချိန်က ဆောမြို့နယ် ယောမင်းကြီး ဦးဖိုးလှိုင် ခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲလို လွှဲပြောင်း ပေးအပ်ရာမှာ လုပ်ငန်းခွဲပေါင်း ၂၀ ၊ လုပ်ငန်းခွဲ စုစုပေါင်း ၄၀ ကို ဆောမြို့နယ် ပညာရေးဌာနမှ မြို့နယ် ပညာရေးမှူး ဒေါ်ညိုညိုရီ ထံကို လွှဲပြောင်း ပေးအပ်တယ်လို့ သိရပါတယ်။

သတင်း - နော်သူလင်း (ဆော)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage