ကနီမြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း လုပ်ငန်းတွေကို တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

NCDDP’s Third Year Project Cycle Activities in Kani Monitored by Respective Officials

Sagaing, 21 October 2020, SkyNet Medai Coverage

စစ်ကိုင်းတိုင်း ဒေသကြီး ကနီမြို့နယ် အတွင်း လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း စီမံကိန်းဝင် ကျေးရွာ တွေမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို အောက်တိုဘာလ ၂၁ ရက်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးသိုက်စိုးထွန်း၊ ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်မိုးမြင့်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကနီမြို့နယ် နတ်လာပို့ (မြောက်) ကျေးရွာ အုပ်စု သပြေတော ကျေးရွာနှင့် အုန်းပင်ဆိပ် ကျေးရွာတွေကို သွားရောက်ပြီး၊ ကျေးရွာ ရပ်မိ ရပ်ဖတွေ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး၊ အဲဒီ ကျေးရွာတွေမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းအခြေအနေတွေနဲ့ ဆောင်ရွက် ပြီးစီးတဲ့ လုပ်ငန်း အခြေအနေတေါကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီးတော့ လုပ်ငန်း ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။

အဲဒီနောက် ကျေးရွာ အတွင်း ကွန်ကရစ် လမ်းခင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို လှည့်လည် ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

သတင်း - သန်းဌေးအောင် (ကနီ)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage