ပေါက်မြို့နယ်တွင် ဝန်ချုံးကျေးရွာအုပ်စုတွင် မြေသား ရေလှောင်ကန်တူးဖော် ပြီးစီး

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ဝန်ချုံးကျေးရွာအုပ်စု က အိုက်ဂျယ်ကျေးရွာဟာ နှစ်စဉ် နွေရာသီ ရောက်တိုင်း သောက်သုံးရေ ရှားပါး ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။

ဒီနှစ်မှာတော့ ပေါက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ ကျေးရွာ မြေသား ရေလှောင်ကန်ကို ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က စတင်တူးဖော် ဆောင်ရွက်ခဲ့ရာမှာ အခုဆိုရင်တော့ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ပါတယ်။

မြေသား ရေကန် တူးဖော် ပြီးစီး အောင်မြင်မှုကို ပေါက်မြို့နယ် လူထု ဗဟိုပြု စီမံကိန်းက နည်းပညာ အကြံပေး ကျား-မ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်း၊ လက်ထောက်နည်းပညာမှူး ဦးကျော်သက်၊ လူထု စည်းရုံးရေးမှူး ဦးခိုင်ဇော်ဝင်းနဲ့ ကျေးရွာ တာဝန်ခံ ဦးဘိုညွှန့်တို့က ကျေးရွာ ကော်မတီ အဖွဲ့ဝင်တွေနဲ့အတူ ဇွန်လ ၁၆ ရက်နေ့က ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပြီး၊ ကျေးရွာ တာဝန်ရှိသူတွေ ထံကို မြေသား ရေလှောင်ကန် တည်တံ့ခိုင်မာအောင် ထိန်းသိမ်း စောင့်ရှောက် ဖို့ အကြံပြု ဆွေးနွေးခဲ့ပါတယ်။

မြေသားရေလှောင်ကန် တူးဖော် ပြီးစီး အောင်မြင်မှုနဲ့ ပတ်သတ်လို့ အိုက်ဂျယ် ကျေးရွာ လူထု ဗဟိုပြု စီမံကိန်းက ဝယ်ယူရေး ကော်မတီ ဥက္ကဌ ဒေါ်ချိုမာဝင်းက ပြောပါတယ်။

မြေသားရေလှောင်ကန်ကို လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှ ထောက်ပံ့ ရန်ပုံငွေ ကျပ် ၁၂၅ သိန်း ၈ သောင်းနဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ လုပ်အားတွေနဲ့ ပေါင်းစပ် တူးဖော် တည်ဆောက်ခဲ့ပါတယ်။

သတင်း- ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank