လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသ ၄၀၀ ဗို့အားလိုင်း လျှပ်စစ်မီးလင်းရေး အတွက် နည်းပညာပေး ဆွေးနွေး

Technical Briefing Organzied for Village Electrification System in Hlaingbwe

Kayin, 16 October 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အထူးဒေသ အတွင်းမှာ ရှိတဲ့ ဖွင့်ဖြိုးမြင်၊ မိုးအေးမြိုင်၊ ဆွေချမ်းရိပ်မြိုင်၊ နန်းဟေမြိုင်၊ ကံ့ကော်မြိုင်နဲ့ ချယ်ရီမြိုင် ရပ်ကွက်တွေမှာ အကောင် အထည်ဖော် ဆောင်ရွက်မည့် (၄၀၀) ဗို့အား လိုင်း ၂၇, ၆၀၈ ပေ လုပ်ငန်းအတွက် လျှပ်စစ်မီးလင်းရေး နည်းပညာပေး ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့က မာလာမြိုင် ရပ်ကွက် ဇရပ်မှာ ဆောင်ရွက်ခဲ့ ပါတယ်။

အဲဒီဆွေးနွေးပွဲကို လူထု ဗဟိုပြု စီမံကိန်းက လက်ထောက် နည်းပညာမှူး၊ လူထု စည်းရုံးရေးမှူးတွေ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် အင်ဂျင်နီယာ အကြံပေး ဒေါ်ခိုင်ခင်ဦးနှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့၊ မြိုင်ကြီးငူ အထူးဒေသ အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ခင်စန်းမြင့်(ပြန်/ဆက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank