ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ ဆောင်ရွက်တဲ့ Cash for Work စီမံကိန်းကို အမရပူရနဲ့ မိုးကုတ်မြို့နယ်တို့မှာ ရာနှုန်းပြည့် ပြီးစီး

Cash for Work Project Activities in Amarapura and Mogoke Completed 100 Percent

Mandalay, 13 October 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မန္တလေးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် Cash for Work စီမံကိန်း ပံ့ပိုးငွေနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အမရပူရမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှာ ဆောင်ရွက်ခဲ့ပါတယ်။

နိုင်ငံတော်က ချမှတ်ထားတဲ့ ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ ပြည်သူတွေ ဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခက်တွေကို ကုစားပေးနိုင်ဖို့ အတွက် ဆောင်ရွက် ခဲ့တာပါ။

အဲလို ဆောင်ရွက်ရာမှာ Cash for Work စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၀၀၀ နှင့် ကျေးရွာ ၁၀ ရွာမှာ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး၊ အခုအခါမှာ လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ပါတယ်။

အလားတူ နိုင်ငံတော်က ချမှတ်ထားတဲ့ ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်တဲ့ Cash for Work စီမံကိန်းကို မိုးကုတ်မြို့နယ် ကျေးရွာ ၈ ရွာမှာ တစ်ရွာ သိန်း ၁၀၀ နှုန်း စုစုပေါင်း သိန်း ၈၀၀ နဲ့ ရေနုတ်မြောင်း တူးဖော်တာ၊ လမ်းပြုပြင် မြေဖို့တာ၊ အားကစားကွင်း ပြုပြင် မြေဖို့တာ၊ တောင်ဖြို မြေချဲ့တာ၊ ကျောက်စရစ်လမ်းခင်း ပြုပြင်တာ၊ ကတ္တရာလမ်း ဘေး ပုခုံး ကွန်ကရစ်ခင်း ထိန်းသိမ်းတာ စတာတွေကို ဆောင်ရွက်ပြီးစီးခဲ့ပြီတယ်လို့ မြို့နယ် ဦးစီးမှူး ဦးခင်မောင်သိန်းက ပြောပါတယ်။

ပစ္စည်းနဲ့ လုပ်သား အချိုးမှာ ၂၃ နဲ့ ၇၇ ဖြစ်ပြီး၊ အကျိုးပြု အိမ်ထောင်စု ၃၈၈ စု၊ အကျိုးပြု လူဦးရေး ကျား-မ ပေါင်း ၁၈၉၃ ဦးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

အဲလုပ်ငန်းတွေကို ဇူလိုင် ၂၄ ရက်နေ့က စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး၊ စက်တင်ဘာ ၇ ရက်မှာ လုပ်ငန်းအားလုံး ပြီးစီးခဲ့တာပါ။

လုပ်ငန်းတွေ ပြီးစီးခဲ့တာကြောင့် သက်ဆိုင်ရာ ကျေးရွာသို့ လုပ်ငန်းတွေ စနစ်တစ်ကျ အပ်နှံတဲ့ အခမ်းအနားကို ယခုလ ၈ ရက်ကလည်း မိုးကုတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit- SkyNet Media Coverage

#CFW, #CERP, #DRD, #WorldBank, #NCDDP

https://youtu.be/GFTosF_PNuk