နထိုးကြီး မြို့နယ်အတွင်း ကျေးရွာ ၇ ရွာတွင် Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

Cash for Work Activities in 7 Villages of Natogyi Completed 100 Percent

Mandalay, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Covid-19 Economic Relief Plan (CERP) အစီအစဉ်အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြင်းခြံ ခရိုင် နထိုးကြီး မြို့နယ် အတွင်း Cash for Work (CFW) စီမံကိန်း ကျေးရွာ များဖြစ်တဲ့ ​ ကြာပွား၊ ကဒေါင်း၊ ရွှေပြည်သာ၊ ထန်းတောကုန်း၊ ငွေလေးကုန်း၊ ကျောင်းကုန်း၊ မြင်းစားကျက် ကျေးရွာတို့မှာ စီမံကိန်း ထောက်ပံ့ငွေ ကျပ် သိန်း ၁၀၀ စီနဲ့ ရွာတွင်းလမ်း ဂျင်းခင်းခြင်း၊ အုတ်ရေမြောင်း တည်ဆောက်ခြင်း စတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာ လူထု လုပ်အားနဲ့ ရာနှုန်းပြည့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

အဆိုပါလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာ ပံ့ပိုးမှု၊ Cash for Work စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ နဲ့ ကျေးရွာ လူထု လုပ်အား အသုံးပြုပြီးတော့ လုပ်အားခ ချက်ချင်း ပေးချေကာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း - ချစ်ဦးကိုကို (နထိုးကြီး)

​#CFW, #CERP, #DRD, #WorldBank, #NCDDP