ကျိုင်းတုံမြို့၌ CASH FOR WORK နှင့် ကျေးရွာ မတည်ရန်ပုံငွေ (VRFP) စီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

Completion of Cash for Work and Village Revolving Fund Projects Activities in Kengtung Monitored by Respective Officials

Shan, 6 October 2020

ကျိုင်းတုံ အောက်တိုဘာ ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် CASH FOR WORK (CFW) နှင့် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project-VRFP) စီမံကိန်းဖြင့် ဆောင်ရွက် ပြီးစီးသည့် လုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ၊ ပင်းတောက်အုပ်စု နမ့်လင်းမိုင် ကျေးရွာနှင့် ကတ်ထိုက်အုပ်စု ဝမ်ဆောင်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ စီမံကိန်း လုပ်ငန်းများ ကွင်းဆင်း စစ်ဆေးခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်‌ ‌ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ‌ဒေါ်ညွန့်ကြည်၊ ဒုတိယ ညွှန်ကြားရေးမှူး များ ဖြစ်ကြသည့် ဦးမျိုးမင်းသန့်၊ ‌ဒေါ်သန်းသန်းမြင့်၊ ခရိုင်ဦးစီးမှူး ဦးကျုံးလျန်ဗွိုင်းနှင့် မြို့နယ် ဦးစီးမှူး ဦးရဲခေါင် နှင့် ဝန်ထမ်းများက ပင်းတောက်အုပ်စု နမ့်လင်းမိုင် ကျေးရွာတွင် CFW စီမံကိန်းဖြင့် ‌ဆောင်ရွက် ပြီးစီးခဲ့သည့် ရွာပိုင်ငါးကန် ပြန်လည်ပြုပြင် ဆောင်ရွက်ခြင်း လုပ်ငန်းကို စစ်ဆေးခဲ့သည်။

ဆက်လက်၍ ကတ်ထိုက်အုပ်စု ဝမ်ဆောင်‌ကျေးရွာတွင် VRFP စီမံကိန်း ကျေးရွာ ကော်မတီဝင်များနှင့် တွေ့ဆုံကာ စီမံကိန်း စာရင်းဇယားများ ပြုစုထားရှိမှု အခြေအနေများအား စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တည့်မတ်ပေးခဲ့ကာ လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော အိမ်ထောင်စုများ၏ စိုက်ပျိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကျိုင်းတုံမြို့၌ CFW စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာ (၁၀)ရွာနှင့် VRFP စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာ(၆)ရွာတို့တွင် စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးရဲခေါင်ထံမှ သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)

Credit- Ministry of Informaion

#CFW, #CERP, #DRD, #MOALI

https://www.moi.gov.mm/iprd/news/14780