ကသာခရိုင်၊ အင်းတော်မြို့နယ် အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေပေး၊ အလုပ်ပေး စနစ်(Cash for Work) စီမံကိန်းဖြင့် ကျေးရွာ ( ၆ ) ရွာတွင် ဆောင်ရွက်သည့်လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

Cash for Work Activities in 6 Village of Indaw Completed for 2019-2020 Fiscal Year

Sagaing, 2 October 2020, Ministry of Information

အင်းတော် အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာ ( ၆ ) ရွာတွင် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် Cash for Work စီမံကိန်းဖြင့် မအူကုန်းကျေးရွာ၊ နန်းကင်ကျေးရွာ၊ လေဘိုကျေးရွာ၊ ဂွေ့ကြီးကျေးရွာ ပါအော့ကျေးရွာ၊ နဘားကျေးရွာ စုစုပေါင်း ကျေးရွာ (၆) ရွာတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မအူကုန်း ကျေးရွာတွင် ကျေးရွာတွင်းလမ်း သဲကျောက်ခင်းခြင်းလုပ်ငန်း ( ၅၅၀၀ ပေ ) ကုန်ကျငွေ ကျပ်သန်း (၁၀)၊ နန်းကင်ကျေးရွာတွင် ကျေးရွာတွင်းလမ်း သဲကျောက်ခင်းခြင်းလုပ်ငန်း ( ၂၀၀၀ ပေ နှင့် ၁၉၀၀ ပေ ) ကုန်ကျ ငွေကျပ်သန်း ( ၁၀ )၊ လေဘိုကျေးရွာတွင် ကျေးရွာတွင်းလမ်း သဲကျောက်ခင်းခြင်းလုပ်ငန်း ( ၃၅၀၀ ပေ )နှင့် အားကစားကွင်းပြုပြင်ခြင်း လုပ်ငန်းအတွက် စုစုပေါင်း ကုန်ကျငွေ ကျပ်သန်း ( ၁၀ )၊ ဂွေ့ကြီးကျေးရွာတွင် ကျေးရွာတွင်းလမ်း သဲကျောက်ခင်းခြင်းလုပ်ငန်း ( ၂၄၀၀ ပေ ) နှင့် ရွာအဝင် ဆိုင်းဘုတ် ပြုလုပ်ခြင်း လုပ်ငန်း အတွက် စုစုပေါင်း ကုန်ကျငွေ ကျပ်သန်း ( ၁၀ )၊ ပါအော့ကျေးရွာ စာသင်ကျောင်းဝင်း မြက်ရှင်းခြင်း၊ မြေဖို့ခြင်း၊ မြေညှိခြင်းလုပ်ငန်းအတွက် ကျပ်သန်း ( ၁၀ )၊ နဘားကျေးရွာ သောက်ရေကန်ခြံစည်း ရိုးခတ်ခြင်း၊ ရေနုတ် မြောင်း ပြုပြင်ခြင်း၊ ရေနုတ်မြောင်းအသစ်တူးဖော်ခြင်း၊ ရွာတွင်းရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများ အတွက် စုစုပေါင်းကုန်ကျငွေ ကျပ်သန်း ( ၁၀ ) ကုန်ကျခံရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် အဆိုပါ စီမံကိန်းဖြင့် ကျေးရွာ ( ၆ ) ရွာတွင် စုစုပေါင်း ငွေကျပ်သန်း ( ၆၀ ) အကုန် အကျခံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်သီဟ(ပြန်/ဆက်)

Credit – Ministry of Information

#CFW, #CERP, #DRD, #MOALI

https://www.moi.gov.mm/iprd/news/14351