တွန်းဇံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ မတည် ရန်ပုံငွေ ကျေးရွာ ၅ ရွာသို့ ထုတ်ချေး

DRD’s Village Revolving Fund Supporting Rural Communities in Tonzang

Chin, 29 September 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ‌ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ်မှာ Covid-19 ကာလ စီးပွားရေး ကုစားမှု အစီအစဉ် အရ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project) ကို ဇူလိုင်လ ၉ ရက်နေ့မှ စတင်ကာ ကော်မတီဖွဲ့စည်းခြင်း၊ ဇူလိုင်လ ၂၁ ရက်နေ့မှာ ကျေးရွာအဆင့် ငွေစာရင်း စီမံခန့်ခွဲမှု ပို့ချခဲ့ပြီး၊ ကျေးရွာများ အတွက် ဘဏ်စာရင်း ဖွင့်ခြင်းနဲ့ ရန်ပုံငွေ ကျပ်သန်း ၈၀ ကို ထုတ်ချေး လွဲအပ်ခြင်းများကို ဩဂုတ်လ ၆ ရက်နေ့မှာ ဆောင်ရွက် ပြီးစီးခဲ့ကြောင်း သိရပါတယ်။

ယခုအခါ VRFP စီမံကိန်းကြောင့် မြို့နယ် အတွင်းရှိ ကျေး ရွာ(၅) ရွာမှ လုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ်သူများ၊ အသေးစား စီးပွားရေး လုပ်ကိုင်သူများ အတွက် လိုအပ်တဲ့ ငွေကြေးအရင်းနှီးများ ရရှိပြီး စဉ်ဆက် မပြတ် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆက်လက်ဆာင်ရွက်လျက် ရှိပါတယ်။

သတင်း - ဦးဇော်ဝင်း (CSAGS)