နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သော ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

Rural Development Activities under Cash for Work Project in Nanyun of Naga Self Administrative Zone

Sagaing, 29 Septemeber 2020, Ministry of Information

နန်းယွန်း စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် ကျေးရွာနေ ပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ Cash For Work စီမံကိန်းဖြင့် မြို့နယ် အတွင်းရှိ ကျေးရွာ (၁၃) ရွာတွင် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျေးလက် ဖွံ့ဖြိး တိုးတက်ရေး လုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ဟချွန်း ဆာ ကျေးရွာတွင် လုပ်ငန်းခွဲ(၄)ခု၊ ပွန်းရှိန် ကျေးရွာတွင်(၃)ခု၊ ချမ္မကောက်လုံ ကောင်း ကျေးရွာတွင် (၄)ခု၊ ရန်နော်ဆန်ရီ ကျေးရွာတွင် (၃)ခု၊ မီကူးနောက်ကုန်း ကျေးရွာတွင် (၃)ခု၊ သာမန်းချောင်းဆုံ ကျေးရွာတွင် (၂)ခု၊ ဟဟောင် ကျေးရွာ တွင်(၂)ခု၊ ကားရော်ကုန်ရွှေ ကျေးရွာတွင်(၂)ခု၊ လွန်နူး ကျေးရွာတွင်(၃)ခု၊ ဟာဝါး ကျေးရွာ တွင်(၄)ခု၊ တော်ကြဲ(တုံကီ) ကျေးရွာတွင်(၃)ခု၊ နာယန်း ကျေးရွာတွင်(၂)ခု နှင့်ပါပုန် ကျေးရွာ တွင်လုပ် ငန်းခွဲ(၃)ခုတို့ကို Cash For Work စီမံကိန်းရန်ပုံငွေ တစ်ရွာလျင် ငွေကျပ်သိန်း(၁၀၀)ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဆောင်ရွက်သည့် လုပ်ငန်း အမျိုးအစားများမှာ လမ်းဘေး၊ဝဲ၊ယာခြုံခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနုတ် မြောင်းတူး ဖော်ခြင်း၊ ကျောင်းခြံစည်းရိုး ကာရံခြင်း၊ ရေပိုက်လိုင်း သွယ်တန်းခြင်း၊ ကျောင်းအိမ်သာ ဆောက်လုပ်ခြင်း၊ စာသင်ကျောင်း သွပ်မိုးခြင်း၊ ဆိုင်ကယ်လမ်း တိုးချဲ့ဖောက်လုပ်ခြင်း၊ ရွာတွင်းလမ်း ပြုပြင်ခြင်းနှင့် ကျေးလက်ဆေးပေးခန်း ခြံစည်းရိုးကာရံခြင်း တို့ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးဦးခွာမတ် ထံမှ သိရသည်။

ဟန်ကမ်း(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/13408