မိုးကောင်း မြို့နယ် Cash for Work လုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိုးကောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်း၊ ပြည်နယ် အင်ဂျင်နီယာ ဒေါ်ငြိမ်းသူဇာ၊ မြို့နယ် အင်ဂျင်နီယာ ဦးသီဟဇော်၊ Cash for Work စီမံကိန်း တာဝန်ခံ ဒေါ်ချစ်ထိုက်ငယ်တို့ဟာ ဩဂုတ်လ ၂၉ရက်နေ့က မိုးကောင်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash For Work စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက် နေသည့် လွဲလောကျေးရွာ၊‌ ဖွေးဟော်ကျေးရွာနဲ့ အောင်သာကျေးရွာ တို့မှာ ရေနှုတ်မြောင်းတူးဖော်တာ၊ ရွာတွင်း သဲကျောက်လမ်းခင်းတာ၊ ဘက်စုံသုံးခန်းမ ခြံစည်းရိုး ကာရန်တဲ့ လုပ်ငန်းတွေကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းတွေ အချိန်မီ ပြီးစီးဖို့နဲ့ စာရင်းဇယားတွေ သေချာဖြည့်သွင်း‌ဖို့ မှာကြားခဲ့ပါတယ်။

မိုးကောင်းမြို့နယ်မှာ Cash for Work စီမံကိန်းကို ကျေးရွာပေါင်း ၅ ရွာမှာ အကောင်အထည်ဖော် ‌ဆောင်ရွက်လျက် ရှိပြီး၊ ကျေးရွာ တစ်ရွာကို ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ရရှိ ကြောင်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း၊ ရွာတွင်း သဲကျောက်ခင်းခြင်းလုပ်ငန်း၊ ကျေးရွာပိုင် မြေနေရာ ရှင်းလင်းတာနဲ့ ခြံစည်းရိုး ကာရန်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိပါတယ်။

သတင်း - ဧဧလေး

#CFW, #CERP, #DRD, #MOALI

Credit - SkyNet Media Coverage